စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး(လက်ထောက်ညွှန်ကြား ရေးမှူး)သည် ဇန္နဝါရီလ(၂၀)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကျောက်ပန်းတောင်း မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ မြို့နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲအား ကျင်းပခဲ့သည်။
ခရိုင်ဦးစီးမှူးမှ ဆွေးနွေးပြောကြားရာတွင် MSME လုပ်ငန်းများတွင် အသုံးပြုရန်အတွက် စက်မှုလုပ်ငန်းသုံး စားအုန်းဆီများကို နိုင်ငံတော်မှ ရောင်းချထုတ်ပေးခဲ့ပါကြောင်း၊ ယခုလည်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ပြီး၊ MSME လုပ်ငန်းများတွင် အသုံးပြုရမည့်စားအုန်းဆီများ အား လုပ်ငန်းရှင်များလျှောက်ထားခဲ့သည့် စက်မှုလုပ်ငန်းများတွင် အမှန်တကယ်အသုံးပြုရမည် ဖြစ်ပါကြောင်း၊ စားအုန်းဆီသည် အရေးကြီးကုန်စည်အမျိုးအစားတွင်ပါဝင်သဖြင့် သတ်မှတ် လုပ်ငန်းများမှလွဲ၍ အခြားနည်းဖြင့် ပြန်လည်သယ်ယူရောင်းချသုံးစွဲခွင့်မရှိပါကြောင်း၊ လုပ်ငန်းရှင်များ၏ လစဉ်စားအုန်းဆီလိုအပ်ချက်များကို ကွင်းဆင်းစိစစ်၍ လုပ်ငန်းပမာဏ အလိုက် ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူများထိခိုက်နစ်နာမှု မဖြစ်ပေါ်စေရေး ကာကွယ်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ဥပဒေနှင့်အညီ ဆောင်ရွက် နိုင်စေရေး၊ ဖွံ့ဖြိုးတိုးတက်စေရေး ကူညီပေးခြင်း၊ MSME လုပ်ငန်းများကြီးထွားလာစေရန်၊ လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ထောက်ခံ ချက်များ၊ နည်းပညာများ၊ အရင်းအနှီးချေးငွေ ရရှိရေး၊ ပြပွဲပြိုင်ပွဲတွင် ပါဝင်ပြသနိုင်ရေး စသည့် လိုအပ်သည့်ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ MSME လုပ်ငန်းများမှ ထွက်ရှိလာသည့် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်အမှတ်အသားများ ပြည့်စုံ မှန်ကန်စွာ ဖော်ပြစေရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် MSME လုပ်ငန်းရှင်များမှ သိရှိလိုသည်များဆွေးနွေး မေးမြန်းရာ ခရိုင်ဦးစီးမှူးမှ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်(၆၉)ဦးတက်ရောက်ခဲ့ ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးနှင့် MSME လုပ်ငန်းရှင်များတွေ့ဆုံ ဆွေးနွေးပွဲ အခမ်းအနားကို နံနက် ၁၁:၃၀ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
DOCA(မန္တလေး)