အိန္ဒိယနိုင်ငံ၌ တောင်ပိုင်းရှိ တဲလန်ဂါနာပြည်နယ်မှ အမှတ် ၁၀၁၀ ဆန်နှင့် ၁၀၆၄ ဆန် အမျိုးအစား စုစုပေါင်း တန်ချိန် ၁၀၀၀၀၀ ကို ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့ရန်အတွက် အဆိုပါပြည်နယ် အစိုးရက စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရှိရသည်။
တဲလန်ဂါနာပြည်နယ်၊ Nalgonda ခရိုင်အတွင်း Haliya ဒေသရှိ Vajrateja Rice Cluster ပုဂ္ဂလိကလီမိတက်သို့ ဖိလစ်ပိုင်နိုင်ငံမှ အရည်အသွေးထိန်းချုပ်မှုဆိုင်ရာ အရာရှိများ လာရောက် သည့် ခရီးစဉ်အတွင်း ထိုကဲ့သို့ သဘောတူညီချက်ကို ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖိလစ်ပိုင် ကိုယ်စားလှယ်အဖွဲ့သည် စပါးစမ်းသပ်ကြိတ်ခွဲခြင်း၊ ပို့ကုန် အရည်အသွေး စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း၊ ဆန်၏အရသာ အကဲဖြတ်ခြင်းကို လည်း လုပ်ဆောင်ခဲ့ပြီး ၎င်းတို့လိုအပ်သော အရည်အသွေးနှင့် ကိုက်ညီမှုရှိသည်ဟု အတည်ပြုခဲ့ ကြောင်း၊ ထို့အပြင် ဆန်များ သင်္ဘောတင်ပို့မှုနှင့် စပ်လျဉ်း၍ မည်သို့ဆောင်ရွက်ရမည်ကို ဒေသ အာဏာပိုင်များသို့ အကြံပြုဆွေးနွေးခြင်းကိုလည်း လုပ်ဆောင်ခဲ့ကြကြောင်းဖြင့် ဟိုက်ဒရာဘတ် မြို့ အခြေစိုက် The Siasat Daily သတင်းဌာနက ဖော်ပြထားသည်။
သို့ရာတွင် ဆန်၏ အရည်အသွေးဆိုင်ရာပြဋ္ဌာန်းချက်နှင့် ပတ်သက်၍ စိုးရိမ်ဖွယ်အကြောင်း ဖြစ်ပေါ်လျက်ရှိကြောင်း၊ အနိမ့်ဆုံးအဆင့်ထားရှိရမည့် ဆန်ကြိတ်ခွဲမှုဆိုင်ရာ လမ်းညွှန်ချက်များ အရ ဒေသတွင်းစားသုံးရန်အတွက် ဖြန့်ဖြူးသည့်ဆန်သည် ဆန်ကွဲ ၂၅ ရာခိုင်နှုန်းအဆင့် ဖြစ်သော် လည်း ဖိလစ်ပိုင်သို့ တင်ပို့ရန်အတွက်မူ ဆန်ကွဲ ၅ ရာခိုင်နှုန်းအဆင့်ကိုသာ ခွင့်ပြုထားကြောင်း၊ ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် ထိုကဲ့သို့ခြားနားချက်အပေါ် နစ်နာကြေးပေးအပ်ရန် ပြည်နယ် အစိုးရသို့ တောင်းဆိုလျက်ရှိပြီး အပြီးသတ် ဆုံးဖြတ်ချက် တစ်စုံတစ်ရာမျှ ချမှတ်နိုင်ခြင်း မရှိသေး ကြောင်း သိရှိရသည်။
တဲလန်ဂါနာပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ Gampa Nagender က ၎င်းတို့အနေဖြင့် ကနဦးအဆင့်၌ ဆန်တန်ချိန် ၄၀၀၀၀ ကို တင်ပို့ရန် စီစဉ်ထားပြီး ကျန်ရှိသော တန်ချိန် ၆၀၀၀၀ ကို နောက်ပိုင်းကျမှသာ သင်္ဘောတင်ပို့ရန် ဆောင်ရွက်မည်ဖြစ်သည်ဟု ပြော ကြားခဲ့သည်။
Source: The Siasat Daily, 19 January 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)