ဗီယက်နမ်၏ ဆန်တင်ပို့မှုသည် ၂၀၂၄ ခုနှစ်၌ တန်ချိန် ၉ ဒသမ ၀၄ သန်းဖြင့် စံချိန်တင် မြင့်မားခဲ့ရာမှ ယခုနှစ်တွင် မက်ထရစ်တန်ချိန် ၇ ဒသမ ၅ သန်းသို့ လျော့ကျမည်ဟု ခန့်မှန်း ထားကြောင်း ဗီယက်နမ် စားသောက်ကုန်လုပ်ငန်းအသင်း ဥက္ကဋ္ဌ Nguyen Ngoc Nam က ပြော ကြားခဲ့သည်။
အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နောက်တွင် ကမ္ဘာ့တတိယအကြီးဆုံး ဆန်တင်ပို့သည့် ဗီယက်နမ်နိုင်ငံ၏ အဓိက ပို့ကုန်ဈေးကွက်များမှာ ဖိလစ်ပိုင်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ဖြစ်သည်။ အိန္ဒိယ၏ ဆန်တင်ပို့မှု တိုးတက်များပြားလာနိုင်ခြေနှင့် အင်ဒိုနီးရှား၏ ဆန်တင်သွင်းမှု လျှော့ချ ရန် ကြိုးပမ်းမှုများကြောင့် ယခုနှစ်အတွင်း ဗီယက်နမ်၏ ဆန်တင်ပို့မှုသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နိုင်ရဖွယ်ရှိကြောင်း၊ သို့သော်လည်း တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်မည့် အလားအလာ ကောင်းများ ပိုမိုတောက်ပနေပါကြောင်း Mr. Nam က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ဗီယက်နမ်အစိုးရ၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်၌ ဆန်တန်ချိန် ၉ ဒသမ ၀၄ သန်း တင်ပို့နိုင်မှုမှာ ၂၀၂၃ ခုနှစ်ကထက် ၁၁ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း၊ တင်ပို့မှု တန်ဖိုးအရမူ ယခင်နှစ်ထက် ၂၁ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ပြီး ဒေါ်လာ ၅ ဒသမ ၆၇ ဘီလီယံ ရရှိခဲ့ကြောင်း သိရပါသည်။
Source: Business Recorder, 15 Jan 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)