စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ပဲခူး မြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူတို့သည် (၂၂.၁.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီ အချိန်တွင် သနပ်ပင်မြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/လက်ကား ရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက် ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်း ရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့၍ စားအုန်းဆီခွဲတမ်းများကို သတ်မှတ် စည်းမျဉ်း/ စည်းကမ်း များနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ အချိန်အတွယ် မှန်ကန်စွာရောင်းချကြရန်နှင့် ခွဲတမ်းရရှိ သည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင် မြင်သာသော စာလုံးအရွယ် အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန် အသိပညာပေးပြောကြားခဲ့၍ ကွင်းဆင်းစစ် ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)