ချောက်မြို့၊ အမှတ်(၂)ဗဟိုကွက်သစ်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေး

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင် ရာများပူးပေါင်း၍ စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကို (၂၀.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(၂)ဗဟိုကွက်သစ်ကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

          မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက “လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး” ခေါင်းစဉ်ဖြင့် လူကုန်ကူးမှုဆိုတာဘာလဲ၊ လူကုန်ကူးမှုနဲ့ လူမှောင်ခိုကူးမှုတို့၏ ကွာခြားချက်၊ ပြစ်မှုကျူးလွန်ပုံ၊ကျူးလွန်နည်း အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက “စားအုန်းဆီ၏ ဆိုးကျိုးများ” ၊ “စားသုံးရန်မသင့်သောအစား အစာများ” အကြောင်းကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးက ကဘေးသူငယ်များ၏အခွင့်အရေးနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာသိကောင်း စရာများ အကြောင်းကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး    ထို့နောက် ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်များအား စိတ်ဝင်တစားကြည့်ရှုခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများအား ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း၊ မြို့နယ်တာဝန်ခံက ကျောင်းအတွင်း ရောင်းချနေသော ကျောင်းမုန့်စျေးတန်းရှိ မုန့်ဆိုင်များအား စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေး စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)