
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ (၂၀.၁.၂၀၂၅) ရက်နေ့၊ နံနက်(၀၈:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် မြို့နယ် စည်ပင်သာယာရေး အဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့မစျေးအတွင်းနှင့်အပြင်တွင် ပလတ်စတစ်အိတ် ဖြင့် ထုတ်ပိုးရောင်းချခြင်းမရှိစေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ် အိတ် လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်များ မသုံးစွဲရေးနေ့ သတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ချောက်မြို့မစျေးအတွင်း၌ ပလတ်စတစ် အိတ်ဖြင့် ထုတ်ပိုးရောင်းချခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုပ်ပိုးသုံးစွဲစေရေး အသိပညာပေးခြင်းနှင့် အသိ ပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ချောက်မြို့နယ်တာဝန်ခံမှ မိတ်ဖက်ဌာနများနှင့်ပူးပေါင်းပြီး မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် စားသုံးရန်မသင့်ထုတ်ပြန်ထားသော ကုန်စည်များရောင်းချခြင်းရှိ/မရှိ၊ သက်တမ်း လွန်နေသာ စားသောက်ကုန်များရောင်းချခြင်းရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ် ချက်များ ပြည့်စုံမှန်ကန်စွာပါဝင်ခြင်းရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါ သည်။
DOCA(မကွေး)