
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန် ခံသည် (၂၀.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပဲအမျိုးမျိုး ရောင်းဝယ်ရေးပွဲရုံများသို့ သွားရောက်၍ ပဲမျိုးစုံရောင်းဝယ်ရေးစျေးကွက်တွင် ပဲများ စျေးနှိမ်ဝယ်ယူခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ်အတွင်း ပဲမျိုးစုံ ရောင်းဝယ်နေသော ပွဲရုံများတွင် ပဲစဉ်းငုံနှင့်မြေပဲအရောင်းအဝယ်ဖြစ်ထွန်းလျှက်ရှိကြောင်း၊ ဝယ်လိုအားကောင်း၍ စျေးကွက်လည်းရှိ ကြောင်း၊ ဝယ်လက်များမှာ မိမိမြို့နယ်အတွင်း စိုက်ကွင်းများထဲထိ ဝယ်ယူခြင်းများရှိသော်လည်း ပွဲရုံ များသို့ တိုက်ရိုက်လာရောက်ရောင်းချသူများ ပိုမိုများပြားကြောင်း၊ ချောက်မြို့နယ်အတွင်း ပဲစဉ်းငုံနှင့် မြေပဲအများဆုံး စိုက်ပျိုးထားရှိပြီး လက်ရှိပဲမျိုးစုံရောင်းဝယ် ရေးစျေးကွက်တွင် ပဲစဉ်းငုံ (၂၀)ပိဿာလျှင် ငွေကျပ် (၉၀၀၀၀)စျေးနှင့် မြေပဲ (၁)ပိဿာလျှင် ငွေကျပ် (၈၇၀၀)စျေးပေါက်နေကြောင်း သိရှိရပါသည်။
DOCA(မကွေး)