စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းဖို့ အသိပညာပေးကြပါစို့

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများအဖွဲ့သည် (၁၇.၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်တွင် ဒေသတွင်းထုတ်လုပ်လျှက်ရှိသော သစ်သီးယိုစုံ၊ ပေါင်မုန့်/ကိတ်မုန့်၊ ဆီကြော်မုန့် လုပ်ငန်း ရှင်များဆီသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား လိုက်နာဆောင်ရွက် ခြင်းဖြင့် မိမိတို့လုပ်ငန်းများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး ဈေးကွက်များပိုမိုရရှိနိုင်စေရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

          ဒုတိယခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ် ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ထားသောညွှန်ကြားချက်ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့် အချက် အလက်များ၊ လုပ်ငန်းရှင်များမှလည်း မိမိတို့ထုတ်လုပ်သော ကုန်စည်အမျိုးအစားအလိုက် စားသုံးသူ ကာကွယ်ရေးဥပဒေ(၂၀၁၉)အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီသည့် ကုန်စည်များကို စားသုံးသူရေးရာဦးစီးဌာန၏စိစစ်ခွင့်ပြုချက်ရရှိရန် လျှောက်ထားနိုင်ကြောင်းကို လည်းကောင်း၊ စားသုံးဌာနခွဲတာဝန်ခံမှ သစ်သီးယိုစုံလုပ်ငန်းရှင်အား မိမိတို့ထုတ်လုပ်သော ယိုမျိုးစုံ များတွင် ဆေးသကြားများကို အလွန်အကျွံမသုံးစွဲစေလိုကြောင်း၊ သစ်သီးများမှ လတ်ဆတ်မှုရှိရန်လိုအပ် ကြောင်း၊ ကိတ်မုန့်လုပ်ငန်းရှင်များအား ဆွေးနွေးရာတွင် သက်ဆိုင်ရာအစိုးရဌာနများမှ ထောက်ခံချက် မရှိသော ဓာတုပစ္စည်းများအား မသုံးစွဲစေလိုကြောင်း၊ ပွဆေး သုံးစွဲရာတွင် သုံးစွဲမှုအညွှန်းအတိုင်းသာ လိုက်နာသုံးစွဲစေခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းမည်ဖြစ်ကြောင်း၊ မှိုတက်နေသော ကိတ်မုန့်အစိုများ အား ပြန်လည်ရောနှော အသုံးမပြုစေလိုကြောင်း ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေပါ  အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)