ကံမမြို့နယ်၌ ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်များအားအသိပညာပေး

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၁၇.၁.၂၀၂၅) ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် သရက်ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန (FDA)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကံမမြို့ပေါ်၌ ဆန်ရောင်းချနေသော လက်လီ၊ လက်ကား အရောင်းဆိုင်(၆)ဆိုင်သို့ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလအတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် MRFမှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများအတိုင်း ရောင်းချစေရေး အသိပညာပေး ‌ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ကံမမြို့နယ်တာဝန်ခံမှ ဆန်ရောင်းချနေသော လက်လီလက်ကား အရောင်းဆိုင်ပိုင်ရှင် များအား MRFမှ သတ်မှတ်ထုတ်ပြန်ထားသည့် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလအတွက် ဈေးနှုန်း များအတိုင်း လိုက်နာရောင်းချစေရေးနှင့် စားသုံးသူ ပြည်သူများ သင့်တင့်မျှတသည့်ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်ချက်ဖြင့် ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများထက်မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် အများ ပြည်သူများသို့ ရောင်းချစေရေး အသိပညာပေးပြောကြားခဲ့ပြီး ရောင်းချသည့် ဈေးနှုန်းများမှာ သတ်မှတ် ဈေးနှုန်းများထက် မြှင့်တင်ရောင်းချမှု မရှိပါကြောင်းနှင့် လက်ကျန်စာရင်းများ ကောက်ယူ ခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(မကွေး)