သထုံမြို့နယ် အ.မ.က (ကျောက်တန်း) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

Powered by Drupal

          ၂၃.၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်း ဦးဆောင်၍ သထုံမြို့နယ် တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် သထုံမြို့နယ်၊ အ.မ.က (ကျောက်တန်း) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုဟောပြောပွဲတွင် ဦးစီးအရာရှိ ဦးအောင်ကျော်မင်းက စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေး (၈) ချက်၊ စားသုံးသူများလိုက်နာရမည့်တာဝန် (၄)ချက်နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားသည့် နည်းလမ်းများနှင့် နေရာများအကြောင်း ရှင်းလင်းဆွေးနွေးပြီး သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းက စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူစားသောက် တတ်စေရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

          အဆိုပါ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဝင်း၊ ဆရာ၊ ဆရာမ (၆) ဦးနှင့် ကျောင်းသား၊‌ ကျောင်းသူ (၂၂၈) ဦး တက်ရောက်ခဲ့ပြီး ဌာန၏ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(မွန်)