
၂၂.၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဒေါ်မိုးမိုးသည် ပြည်နယ်ရေနံနှင့်ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာရေးအဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်ရှိ “စွမ်းအား” ဆီဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါ “စွမ်းအား” ဆီဆိုင်၌ ဆီသိုလှောင်ကန် အသစ်တိုးချဲ့တည်ဆောက်နေမှုအား သက်ဆိုင်ရာဌာနများ၏ စည်းမျဉ်း၊ စည်းကမ်းနှင့် ကိုက်ညီမှုရှိစေရေး စစ်ဆေးခြင်းဖြစ်ပြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အရည်အသွေး မှန်ကန်ရန်၊ ဈေးနှုန်းမှန်ကန်ရန်၊ အချိန်အတွယ်မှန်ကန်ရန်နှင့် စားသုံးသူများနစ်နာဆုံးရှုံးမှု မရှိစေရေးအလေးထားရန် ဆွေးနွေးခဲ့ပါသည်။
DOCA(မွန်)