
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၃:၃၀ နာရီ အချိန်တွင် ကော့သောင်းမြို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များဖြစ်သော မြို့နယ်စီမံ အုပ်ချူပ်ရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ကော့သောင်းမြို့နယ်ရှိတရားမဝင်ကုန်ပစ္စည်းများဝင်ထွက်နေမှုရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါ မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များသည် ကွင်းဆင်း စစ်ဆေးရာတွင် အမှတ်(၁-A)၊ ဗိုလ်ချုပ်လမ်း၊ အေးမြကန်သာရပ်ကွက်၊ ကော့သောင်းမြို့ရှိ ဦးရဲမင်းထွန်း ငှားရမ်းထားသည့် ဂိုဒေါင်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင် ပြနိုင် ခြင်းမရှိသော ကြွေပြားများအား စစ်ဆေးတွေ့ရှိသဖြင့် စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် (၁၄၂,၅၀၀,၀၀၀/-)ခန့် ပစ္စည်းများအား ထိုပစ္စည်းတင်သွင်းလာခြင်းသည် ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေ၊ ကုန်လမ်းအကောက်ခွန်အက်ဥပဒေအရ အကောက်ခွန်လုပ်ထုံးလုပ် နည်းနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)