ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် စားသုံးသူရေးရာဦးစီးဌာန(ရုံးချူပ်)မှ ညွှန်ကြားလာသည့် ဘိလပ်မြေထုတ်လုပ်နေသည့်စက်ရုံများနှင့်ဘိလပ် မြေ ရောင်းချနေသည့်ဆိုင်များအား ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ ၊ မြေပြင်လက်ကျန်အခြေအနေများ၊ စျေးနှုန်း စျေးကွက်အခြေအနေအား မြေပြင်ကွင်းဆင်းစစ်ဆေးရန်ညွှန်ကြားလာမှုအပေါ်၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ နံနက်(၉:၀၀) အချိန်တွင် ကော့သောင်းမြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစုံစမ်း ရာတွင် မြေပြင်တွင်ပစ္စည်းပြတ်လပ်မှုမရှိပါကြောင်း၊ ပစ္စည်းများအလုံအလောက်မှုရှိပါကြောင်း သိရှိရပါ သည်။
ကွင်းဆင်းစုံစမ်းရာတွင် ဘိလပ်မြေစျေးနှုန်းမှာ ယခင်လတွင် ဘိလပ်မြေအမှတ်တံဆိပ် ထိုင်းဆင် (SCG) ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ၁၈၇၀၀ ကျပ်ရှိပြီး ယခုလတွင် ထိုင်းဆင် (SCG) ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ၁၈၈၅၀ ကျပ် ဖြစ်ပေါ်လျက်ရှိပြီး၊ ဘိလပ်မြေ အမှတ်တံဆိပ် ထိုင်းကျား (SCG) ၅၀ ကီလို ဂရမ် တစ်အိတ်လျှင် ၁၆၁၅၀ ကျပ်ရှိပြီး ယခုလတွင် ထိုင်းကျား (SCG) ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ၁၆၂၅၀ကျပ် ဖြစ်ပေါ်လျက်ရှိရာ ယခင်လနှင့်ယခုလနှိုင်းယှဉ်ပါက အနည်းငယ်မြှင့်တက်လျက်ရှိကြောင်းသိ ရှိရပါသည်။
DOCA(တနင်္သာရီ)