၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့၊ ၁၁း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူးမှ တနင်္သာရီတိုင်းဒေသကြီး ဆန်စပါး ကုန်သည်များအသင်းမှ တာဝန်ရှိသူများ၊ အသင်းဝင်များနှင့်တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးမှ မြန်မာနိုင်ငံဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်စနစ် MyRo တွင် မှတ်ပုံတင်ဆောင်ရွက်နိုင်ရေး ကိစ္စများနှင့်စပ်လျဥ်း၍ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူ ရေးရာဦးစီးဌာနမှ ဝန်ထမ်းများမှ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်စနစ် MyRo တွင် မှတ်ပုံတင် လျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များနှင့် လျှောက်ထားပုံအဆင့်ဆင့်အား ကူညီ ဆောင်ရွက် ရှင်းလင်းပြသပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)