ကလေးဝမြို့၊ အ.လ.ကခွဲကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲကျင်းပခြင်း

Powered by Drupal

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ကလေးခရိုင်၊ ကလေးဝမြိုနယ်အနေဖြင့် ဇန်နဝါရီလ ( ၂၃ ) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကလေးဝမြို့ ( အ.လ.ကခွဲ )  ကျောင်း၌ ဆရာ/ဆရာမ ( ၂၀ ) ဦးနှင့် ကျောင်းသား/ ကျောင်းသူ ( ၁၅၀ ) ဦး၊ စုစုပေါင်း( ၁၇၀ )ဦး အား စားသုံးသူအခွင့်အရေးများအကြောင်း အသိပညာဟောပြောပွဲကို ကျင်းပပြု လုပ်ခဲ့ပါသည်။

              အဆိုပါဟောပြောပွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမျိုးသမီးရေးရာ အဖွဲ့များပါဝင်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်သန်းမှ ဦးစွာပထမ  အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။ ဆက်လက်၍ ကလေးဝမြို့၊ စားသူရေးရာဦးစီးဌာန၊  မြို့နယ်တာဝန်ခံ ဦးကျော်ကျော်မိုးမှ စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံသမိုင်းကြောင်း၊ စားသုံးသူအခွင့်အရေး သိကောင်းစရာများ အကြောင်းကို လည်းကောင်း၊ နစ်နာဆုံးရှုံးမှုနှင့်ပတ်သက်၍တိုင်းကြားနိုင်သည့် နည်းလမ်းများ အကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းမှ လူငယ်နှင့်စာပေ သိကောင်းစရာများ အကြောင်းကိုလည်းကောင်း၊ အသိပညာပေး ဟောပြောခဲ့ပြီး အခမ်းအနားကို(၁၁:၀၀)နာရီအချိန်တွင် ပြီးမြောက်ခဲ့ပါကြောင်း သတင်းရရှိရ ပါသည်။                      

DOCA(စစ်ကိုင်း)