စားသုံးသူရေးရာဦးစီးဌာနသို့ (၂၀.၁.၂၀၂၅) ရက်နေ့ နံနက် (၁၁း၀၀)နာရီအချိန်တွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချသူ မအူပင်ကုန်တိုက်ပိုင်ရှင် ၃ဦးမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချသူများ မှတ်ပုံတင်ခြင်း ဆိုင်ရာကိစ္စ ရပ်အကြောင်း သိရှိလို၍ လာရောက်မေးမြန်းရာ မအူပင်ခရိုင် ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးမှ လုပ်ငန်းရှင်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
မအူပင်မြို့နယ် မှ ကုန်တိုက်ရောင်းချသူ လုပ်ငန်းရှင် ၃ဦးမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ် များကို သိရှိလို၍ မအူပင်ခရိုင်ဦးစိးမှူးရုံသို့ လာရောက်မေးမြန်းကြရာ စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦး ဒု-ခရိုင်ဦးစီးမှူးက မှတ်ပုံတင်ခြင်းဆိုရာ အမိန်ကြော်ငြာ စာအမှတ် (၅၁/၂၀၂၃)ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့က ထွက်ရှိထားပြီး အခန်း(၈)ခန်း ပါရှိ၍ မှတ်ပုံတင်လျှောက်ထားမှုအတွက် သတ်မှတ်ချက်၊ ပြင်ဆင်လျောက်ထားချက်၊ သက်တမ်းတိုး လျှောက်ထားခြင်း မှတ်ပုံတင် ရရှိသူ၏ တာဝန်များ၊ အခွင့်အရေးများ မှတ်ပုံတင် လှောက်ထားခြင်း၊ ဆိုင်ငံခြင်း၊ ပယ်ဖျက် ခြင်းအကြောင်းတို့ကိုရှင်းလင်းခြင်း၊ မှတ်ပုံတင်ဆောင်ရွက်နိုင်မည့် အမျိုးအစား များ၊ မှတ်ပုံတင်ရမည့် Link မှတ်ပုံတင် ဆောင်ရွက်ရမည့် သူများအကြောင်း၊ လျောက်ထားနိုင်မည့် အမျိုးအစား၊ ငွေပေးချေမှု စနစ်အကြောင်း၊ မှတ်ပုံတင်လျောက်ထားရာတွင် မဖြစ်မနေ ပူးတွဲတင်ပြရမည့် အထောက်အထားများအကြောင်းကိုလည်းကောင်း၊ စစ်ဆေးရေးတာဝန်ရှိသူမှ မြေပြင်စစ်ဆေးသည့်အခါ အချက်အလက် မှန်ကန်မှုမရှိခြင်းနှင့် တာဝန်ဖော်ကဖျက်မှုများကို အရေးယူဆောင်ရွက်မှု အပိုင်းများအကြောင်းတို့ကို လုပ်ငန်းရှင်များသိရှိနာလည်နိုင်ရန်အတွက် ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)