၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတတိယပတ်အတွင်း မုံရွာစျေးကွက်အတွင်းသို့ ခရမ်းချဉ်သီး များဝင်ရောက်မှုများသည့်အတွက် စျေးအနည်းငယ်ကျဆင်းသွားကြောင်းတွေ့ရှိရပါသည်။ မုံရွာမြို့ အတွင်းသို့ တံတားဦးဒေသထွက်ခရမ်းချဉ်သီးများနှင့်အပြင် စစ်ကိုင်းတိုင်းဒေသကြီးမှ လှိုင်လှိုင်ထွက်ပေါ်ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါတယ်။ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးရှိ ခရမ်းချဉ် သီးပွဲရုံများ၊ ကုန်စိမ်းလက္ကားရောင်းချသည့် သံလမ်းဈေးတို့တွင် ခရမ်းချဉ်သီး အမျိုးအစား အလိုက်ဝင်ရောက်လျက်ရှိပြီး၊ တစ်ဆင့်ပြန်လည်ရောင်းချလျက်ရှိကြောင်း သိရှိရပါတယ်။
ဒီဇင်ဘာလ တတိယပတ်တွင် ခရမ်းချဉ်သီး လက္ကားဈေးနှုန်း တစ်ပိဿာလျှင်(၆၀၀၀ ) ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင် ( ၇၀၀၀) ကျပ်ဖြစ်ပြီး ယခုအခါ ဇန်နဝါရီလ တတိယအပတ်အတွင်း ခရမ်းချဉ်သီး လက္ကားဈေးနှုန်း တစ်ပိဿာလျှင်(၃၀၀၀)ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၃၅၀၀) ကျပ်ဖြစ်သည့်အတွက် ဒီဇင်ဘာလတတိယပတ် အတွင်း ဖြစ်ပေါ်ခဲ့သည့်ပေါက်စျေးနှင့်နှိုင်းယှဉ်ပါက ယခုလတွင် ခရမ်းချဉ်သီးဝင်ရောက်မှုများ လာသည့် အပေါ် စျေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်း တွေ့ရှိရပါတယ်။
DOCA(စစ်ကိုင်း)