နေကြာသီးနှံအကြောင်း

Powered by Drupal

          နေကြာပင်သည် ရာသီပင်အမျိုးအစားဖြစ်ပြီး နှစ်စဉ်စိုက်ပျိုးရန်လိုအပ်ပါသည်။ နေကြာမျိုးများ အနေဖြင့် နေကြာကြီး၊နေကြာလေး၊ဆီထွက်နေကြာစသည်ဖြင့် မျိုးကွဲပေါင်းများစွာရှိပါသည်။ မြန်မာ နိုင်ငံတွင် အဓိကအားဖြင့် အစေ့စားနေကြာနှင့် ဆီစားနေကြာစသည့်နှစ်မျိုးကိုသာ စိုက်ပျိုးပါသည်။ နေကြာဆီတွင် မှိုပါဝင်မှုမရှိခြင်း၊ အနံ့အရသာကောင်းမွန်ခြင်းနှင့် အကြော်ခံခြင်းတို့ကြောင့် ကျန်းမာ ရေးနှင့်ညီညွှတ်သော စားသုံးရန်သင့်တော်သော စားသုံးဆီတစ်မျိုးဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် နေကြာ စိုက်ပျိုးမှုအများဆုံးနိုင်ငံများမှာ ယူကရိန်း၊ ရုရှားနှင့် ဥရောပနိုင်ငံတို့ဖြစ်ကြောင်း သိရပါသည်။ နေကြာ ဆီသည် ကိုလက်စထရောထွက်ရှိမှုကို လျော့ချပေးနိုင်သဖြင့် နှလုံးကျန်းမာရေးကို သန်မာကောင်းမွန် စေခြင်း၊ ဆံသားကျန်းမာရေးကိုကောင်းမွန်စေပြီး ကိုယ်ခံအားစနစ်ကို တိုးတက်စေခြင်း၊ အဆစ်ရောင် ခြင်းနှင့် ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ခြင်းစသော အကျိုးကျေးဇူးများကိုရရှိစေပါသည်။ နေကြာဆီသည် နှလုံးနှင့်သွေးကြောကျန်းမာရေးအတွက် ကောင်မွန်စေသော ဓါတ်စာတစ်မျိုးဖြစ်ပြီး နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါနှင့် နှလုံးရောဂါများကို ကာကွယ်ပေးနိုင်ကြောင်း လေ့လာ သိရှိရပါသည်။

          မြန်မာနိုင်ငံတွင် အဓိကစားသုံးကြသော စားသုံးဆီများထဲတွင် နေကြာဆီသည်လည်း တစ်ခု အပါအဝင်ဖြစ်ပါသည်။ နေကြာသီးနှံသည် အခြားဆီထွက်သီးနှံများထက် အရင်းအနှီးစရိတ်သက်သာခြင်း၊ စိုက်ပျိုးထုတ်လုပ်မှုလွယ်ကူခြင်း၊ ကြားသီးနှံအဖြစ်စိုက်ပျိုးနိုင်ခြင်း၊ စပါးရိတ်သိမ်းပြီးချိန်မိုးသီးနှံ ရိတ်သိမ်းပြီးချိန်တွင် စိုက်ပျိုးနိုင်ခြင်း စသည့် အားသာချက်များအပြင် စိုက်ပျိုးပြီး ရက်ပေါင်း ၈၀ မှ ၈၅ ရက်အတွင်း ဈေးကွက်ဝင်ငွေပေါ်နိုင်သဖြင့် တောင်သူများအတွက် အကျိုးရှိသောအကျိုးဖြစ်ထွန်း စေနိုင်သော သီးထွက်သီးနှံတစ်မျိုးလည်း ဖြစ်ပါသည်။

DOCA(ရှမ်း)