စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် ဇန်နဝါရီလ (၁၄)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင်အေးသာယာမြို့၊အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ကျောင်းသား/ကျောင်းသူများအားစားသုံးသူအခွင့်အရေးနှင့်တာဝန်များသိရှိစေရန်နှင့်စားသုံးသူအခွင့်အရေးများအပြည့်အဝ ရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့ပြီး ဟောပြောပွဲသို့ ဆရာ/ဆရာမအပါအဝင်ကျောင်သား/ ကျောင်းသူ စုစုပေါင်း(၃၂၀)ဦးခန့် တက်ရောက်ခဲ့ ကြောင်းသိရှိရပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ၊ ဒေါ်ထူးအိန္ဒြာဗိုလ် (အကြီးတန်းစာရေး)မှ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများ နှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများသိသင့်သိထိုက်သောဗဟုသုတများ၊ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူများလိုက်နာရမည့် တာဝန်များ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါကစစ်ဆေးကြည့်ရှုရမည့် ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများ ပေါ်ပေါက်လာပါက(၁၅၃၅)တို့ တိုင်တန်းနိုင်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများ နှင့် အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရှမ်း)