အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မုန့်ဈေးတန်းအားစစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဇန်နဝါရီလ (၁၄)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် စစ်ဆေးရေးအရာရှိ ဒေါ်တင်တင်အေး ဦးဆောင်ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့်အေးသာယာမြို့၊အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းမုန့်ဈေးတန်းများ အားသွားရောက်စစ်ဆေးခဲ့ပါသည်။

အဆိုပါဆိုင်ပိုင်ရှင်များအား စားသုံးသူရေးရာဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ အကြောင်း၊ မြန်မာစာဖြင့်ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တာဝန်များ အကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဘေးအန္တရာယ်ကင်းရှင်းသော မုန့်များ ကိုသာ ရောင်းချရန် တိုက်တွန်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)