ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း)မှ ခရိုင်ဦးစီးမှူး နှင့် ဝန်ထမ်းများသည် (၂၃.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀: ၃၀)နာရီအချိန်တွင် အမှတ်(၇)အခြေခံပညာ နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(အင်းခေါင်း)ရှိ ကျောင်းသား/ကျောင်းသူ (၄၅၀)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရပါ သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး ဦးမြင့်နိုင်မှ စားသုံးသူ၏အဓိပ္ပါယ်၊ စီး ပွားရေးလုပ်ငန်းရှင်တို့၏ အဓိပ္ပါယ်တို့အား ဟောပြောခဲ့ကြောင်း၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူများလိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်း အသိ ပညာပေးဟောပြောခဲ့ပြီး စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှု ရှိခဲ့လျှင် တိုင်ကြားနိုင်မည့် နည်း လမ်းများ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ စားသုံးသူရေးရာဦးစီးဌာန၏ Call Center (1535)သို့လည်း ဆက် သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)