ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ရန်ကုန်ဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့၏ လမ်းညွှန်ချက်အရ သန်လျင်ခရိုင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အဖွဲ့၏ စီမံမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ (၂၀)ရက်နေ့၊ ညနေ(၁၇:၀၀)နာရီမှ (၁၈:၀၀)နာရီအချိန်အထိ ခရမ်း မြို့နယ် ဇွဲတွန် X-ray စစ်ဆေးရေး ဂိတ်တွင် ဖြတ်သန်းသွားလာနေသော ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များအား တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းအား ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို စစ်ဆေးခဲ့ရာတွင် သန်လျင်ခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်ဌေးနှင့် တပ်ဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး ကျော်စိုးဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စိုးနှင့်တပ်ဖွဲ့ဝင်များ၊ အမှတ်(၂)ရှေ့တန်း တပ်ရင်း(ကြည်း)မှ ဗိုလ်ကြီး လင်းဇေယျနှင့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၇) လုံခြုံရေးရဲတပ်ဖွဲ့ (၁)ကျောက်တန်း မှ ရဲအုပ် ဖြိုးမင်းအောင်နှင့်တပ်ဖွဲ့ဝင်များ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးမိုးအောင်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ကျော့ကေခိုင်၊ အမှတ်(၅၅) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှ ဒု-ရဲအုပ်နေမျိုးနိုင်၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့မှ ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင် များ ပူးပေါင်းအဖွဲ့သည် ခရမ်းမြို့နယ် ဇွဲတွန် X-ray စစ်ဆေးရေးဂိတ်တွင် ခရမ်းမြို့မှ ပဲခူးတိုင်းဒေသကြီးအထွက် နှင့် ပဲခူးတိုင်းဒေသကြီးမှ ခရမ်းမြို့နယ်သို့ ဝင်ရောက်လာသော ခရီသည်တင်ယာဉ်ကုန်ပစ္စည်းတင်ဆောင်လာသော မော်တော်ယာဉ်(၂၅)စီးအား တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်း ရှောင်တခင်စစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ရာတွင် တရားမဝင်ကုန်ပစ္စည်းများ မသင်္ကာသောသူ လက်နက်များသယ်ယူပို့ဆောင်များ မပြုလုပ်ကြရန် ယာဉ်မောင်သူများ၊ ယာဉ်နောက်လိုက်များအား အသိပညာပေးပြောကြားကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
DOCA(ရန်ကုန်)