တောင်ဒဂုံမြို့နယ် Shake မုန်မျိုးစုံလုပ်ငန်းစစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာ ကြားချက်အရ၊ တိုင်းဒေသကြီးကွပ်ကဲမှု အောက်ရှိ ခရိုင်ဦးစီးမှူးရုံးများအနေဖြင့် စက်မှုဇုန်များတွင် ပြည်တွင်း ကုန်သွယ်မှုကဏ္ဏ  ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ် ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရန် ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အခက်အခဲများ မရှိစေရေးအတွက် ခရိုင်အတွင်း စက်မှုဇုန်များရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးလှစိုး နှင့် ဝန်ထမ်းများသည်  ၂၀..၂၀၂၅ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ဒဂုံမြို့သစ်ခရိုင်၊ တောင်ဒဂုံ မြို့နယ် စက်မှုဇုန်(၁) ၊ အမှတ်(၆၅) ၊ လွိုင်ကော်လမ်းရှိ Shake မုန့်လုပ်ငန်းအား သွားရောက် စစ်ဆေးရာတွင် လုပ်ငန်းအမျိုးအစား၊ ကြိတ်ခွဲထုတ်လုပ်သည့်ပမာဏ ၊ စက်ကြိတ်အား ၊ လုပ်ငန်း လည်ပတ်မှုအခြေအနေ ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ရယူထားခြင်း ရှိ / မရှိ နှင့်၊ ကြုံတွေ့နေရသည့်အခက်အခဲ တို့ကို မေးမြန်းခြင်းနှင့် ပြည်တွင်းမှာသာ ဖြန့်ဖြူးရောင်းချခြင်း ဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအတိုင်း လိုက်နာဆောင်ရွက်လုပ်ကိုင်စေလိုကြောင်း၊စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ရှိ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးရန် အသိပညာ ပေးခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)