တောင်ဒဂုံမြို့နယ် Precision Engineering Group လုပ်ငန်းအား စစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ၊ တိုင်းဒေသကြီးကွပ်ကဲမှုအောက်ရှိ ခရိုင်ဦးစီးမှူးရုံးများအနေဖြင့် စက်မှုဇုန်များတွင် ပြည်တွင်း ကုန်သွယ်မှုကဏ္ဏ  ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ် ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရန် ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အခက်အခဲများမရှိစေရေးအတွက် ခရိုင်အတွင်းစက်မှုဇုန်များရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးလှစိုး နှင့် ဝန်ထမ်းများသည်  ၂..၂၀၂၅ ရက်နေ့ နေ့လည် ၁3:၀၀ နာရီတွင် ဒဂုံမြို့သစ်ခရိုင်၊ တောင်ဒဂုံ မြို့နယ် စက်မှုဇုန်(3)၊ အမှတ်(င/၇၈)၊ လောပိတလမ်းရှိ Precision Engineering Group စက်မှု လက်မှုလုပ်ငန်းအား သွားရောက်စစ်ဆေးရာတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ရယူ ထားကြောင်းနှင့်၊ စားသုံးသူကာကွယ် ရေးဥပဒေပါ အခန်း(၁၀)ရှိ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် များအတိုင်း လိုက်နာဆောင်ရွက်လုပ်ကိုင်စေလိုကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၁၁)ရှိ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအပေါ် တာဝန်ယူမှုရှိရန်လိုအပ်ကြောင်း အသိ ပညာပေးခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)