စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်း နှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ် ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိ လုပ်ငန်းလိပ်စာမှန်ကန်မှု ရှိ/မရှိ ကို (၂၀.၁.၂၀၂၅) ရက်နေ့ ၊နံနက်(၀၉:၀၀)အချိန်တွင် JKA Corporate Consulting Limited ၀န်ဆောင်မှုလုပ်ငန်း တိုက်(၈/၁)၊ ရန်အေးအိမ်ယာ၊ ရန်အေးလမ်း၊ ရန်ကင်းမြို့နယ် သွားရောက်၍ Online Sale မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို ဆွေးနွေးရာ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည် ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြု ထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများရဲ့လျှောက်လွှာများနှင့်သက်တမ်းတိုးသော လျှောက်လွှာ များကို သက်ဆိုင်ရာ တာဝန်ရှိ သူများက အချက်အလက်များမှန်ကန်မှု ရှိ၊ မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှသာ Online Sales လုပ်ငန်းမှတ်ပုံတင် လက်မှတ်များထုတ်ပေးသွားမှာ ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုနှင့် ပတ်သက်၍ အသိပေးပြောကြား ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)