စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးဝင်းနိုင် နှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ် ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိ လုပ်ငန်းလိပ်စာမှန် ကန်မှု ရှိ/မရှိ ကို (၂၂.၁.၂၀၂၅) ရက်နေ့ ၊နံနက်(၁၁:၀၀)အချိန်တွင် Snow White Lay online shopping စားသောက်ကုန်လုပ်ငန်း အမှတ် (၂၅/၂၇)၊စီပါယာလမ်း၊ လွတ်လပ်ရေးရပ်ကွက်၊ မင်္ဂလာတောင် ညွန့်မြို့နယ်သွားရောက်၍ Online Sale မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက် များ ကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်ကို ဦးစွာပထမ ဆွေးနွေးရာ တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများက အကာအကွယ် ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ရောင်းချခြင်း လုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင် လက်မှတ်များကို ခွင့်ပြုထုတ်ပေးခြင်းဖြစ်ကြောင်း ၊ e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများရဲ့ လျှောက်လွှာများနှင့် သက်တမ်းတိုးသော လျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်များ မှန်ကန်မှု ရှိ ၊ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sales လုပ်ငန်းမှတ်ပုံတင် လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆက်လက်၍ လုပ်ငန်းသည် စားသောက်ကုန်လုပ်ငန်းဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၁) ပုဒ်မ(၂၃)ပါ စီးပွားရေးလုပ်ငန်းရှင်၏ အာမခံချက်များပါ အချက်အလက်များကို လည်းကောင်း ၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ အခန်း(၁၈)ရှိ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ လည်း ကောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)