စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးနှင့်ဝန်ထမ်းများသည် (၁၇.၁.၂၀၂၅) ရက်နေ့တွင် တောင်ဒဂုံမြို့နယ်၌ စားအုန်းဆီလက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင် များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားအုန်းဆီလက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများကို ဖြန့်ဖြူးရောင်းချရာတွင် မိမိမြို့နယ်အတွက်ရရှိသော ဆီခွဲတမ်းများကို အိမ်ထောင်စုဇယား ၊ လူဦးရေအမျိုးအစားအလိုက် အချိုးကျခွဲဝေခြင်းနှင့် ပက်သက်၍ ရပ်ကွက်/ ဈေး နေရာအနှံ့ရောက်ရှိအောင် ဖြန့်ဖြူးပေးနိုင်ရေး အခြေအနေတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်
DOCA(ရန်ကုန်)