(၂၃.၁.၂၀၂၅)ရက်နေ့၊နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ဒေါပုံဈေးစည်ပင်သာယာရေးရုံးခန်းတွင် ကုန်စုံဆိုင်လုပ်ငန်းရှင်များ ဖိတ်ကြားပြီး အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ အသိပညာ ပေး ဆွေးနွေးဟောပြောခြင်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါဟောပြောပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲ)က အသိပညာပေးဟောပြောရာတွင် ယခုခေတ်ကာလတွင် အွန်လိုင်း စနစ်ဖြင့် စားသုံးသူများသည် ၎င်းတို့၏ လိုအပ်ချက်အရ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူ အသုံးပြုလာကြသည့်အတွက် တန်ဖိုးနှင့်အညီ ငွေပေးချေဝယ်ယူကြရာ "စားသုံးသူအခွင့်အရေး ဦးစားပေး" ဟူသော စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်ကို အပြည့်အဝနားလည်သဘော ပေါက်ပြီး၊ နစ်နာမှုများမကြုံတွ့ကြရစေရန်၊ စားသုံးသူများက ကုန်စည်နှင့်ဝန်ဆောင်မှုများအား အွန်လိုင်းစနစ်ဖြင့် ဝယ်ယူသုံးစွဲရာတွင် စားသုံးသူထိခိုက်နစ်နာမှုမရှိစေရေးအတွက် ရောင်းဝယ်မှု လုပ်ငန်းများအားလုံး စနစ်တကျထိန်းကျောင်းနိုင်မည့် အွန်လိုင်းစနစ်အကြောင်းကို ရှင်းလင်း ဆွေးနွေးခဲ့ခြင်းနှင့် မှတ်ပုံတင်ပြီးသော အွန်လိုင်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ ဝယ်ယူ အသုံးပြုကြရန်၊ အွန်လိုင်းမှတ်ပုံတင်မရှိသော ကုန်စည်နှင့်ဝန်ဆောင်မှု ရောင်းချနေသူများကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို အသိပညာပေးဟောပြောကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)