ဈေးသူဈေးသားများခေါ်ယူ၍ အွန်လိုင်းမှဈေးဝယ်ခြင်းနှင့်စပ်လျဉ်းပြီး အသိပညာ ပေးဆွေးနွေးဟောပြောခြင်း

Powered by Drupal

(၂၀.၁.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင်  မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင် ညွန့်ဈေးစည်ပင်သာယာရေးရုံးခန်းမတွင် ဈေးသူ/ဈေးသားများ ခေါ်ယူ၍ အွန်လိုင်းမှတဆင့် ဈေးဝယ်ခြင်းနှင့်စပ်လျဉ်းပြီး အသိပညာပေးဟောပြောခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရ ပါသည်။

     အဆိုပါဟောပြောပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(ဒုကြီးကြပ်ရေးမှူး)က အသိပညာပေးဟောပြောရာတွင် ယခုခောတ်ကာလ တွင် အွန်လိုင်းစနစ်ဖြင့် စားသုံးသူများသည် ၎င်းတို့၏ လိုအပ်ချက်အရ ကုန်စည်နှင့် ဝန်ဆောင်မှု များကို ဝယ်ယူအသုံးပြုလာကြသည့်အတွက် တန်ဖိုးနှင့်အညီ ငွေပေးချေဝယ်ယူကြရာ "စားသုံးသူ အခွင့် အရေး ဦးစားပေး" ဟူသော စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်ကို အပြည့်အဝနားလည် သဘောပေါက်အောင်ရှင်းလင်းပြောကြားခြင်းနှင့် နစ်နာမှုများ မကြုံတွ့ကြရစေရန်၊ စားသုံးသူများက ကုန်စည်နှင့်ဝန်ဆောင်မှုများအား အွန်လိုင်းစနစ်ဖြင့် ဝယ်ယူသုံးစွဲရာတွင် စားသုံးသူထိခိုက်နစ်နာမှု မရှိစေရေးအတွက် ရောင်းဝယ်မှုလုပ်ငန်းများ အားလုံး စနစ်တကျ ထိန်းကျောင်းနိုင်မည့် အွန်လိုင်းစနစ်အကြောင်းကို ရှင်းလင်းဆွေးနွေး ခဲ့ခြင်းနှင့် မှတ်ပုံတင်ပြီးသော အွန်လိုင်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ ဝယ်ယူအသုံးပြုကြ ရန်၊ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)