စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်း နှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ် ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိ ၊လုပ်ငန်းလိပ်စာမှန်ကန်မှု ရှိ/မရှိ ကို (၂၀.၁.၂၀၂၅) ရက်နေ့ ၊ နံနက်(၀၉:၀၀)အချိန်တွင် NNAC Japanese book store စာအုပ်စာတမ်းများနှင့်စာရေးကိရိယာပစ္စည်းများှုလုပ်ငန်းအမှတ် (၁၀၂၆) ၊ ဘုမ္မာကျောင်းလမ်း၊ (ည)ရပ်ကွက်၊မြောက်ဥက္ကလာပမြို့နယ်သို့ သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေး ခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို ဆွေးနွေးရာ e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများရဲ့ လျှောက်လွှာများနှင့် သက်တမ်းတိုးသော လျှောက်လွှာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဖော်ပြပါအချက်အလက်များ စစ်ဆေးပြီး မှန်ကန်မှုရှိမှသာ Online Sales လုပ်ငန်းမှတ်ပုံတင် လက်မှတ်များထုတ်ပေးသွားမှာ ဖြစ်သည့်အတွက် မှန်ကန်စွာဖြေကြားပေးရန်နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ အခန်း(၁၀)ရှိ ပုဒ်မ (၂၁)ပါ အချက်အလက်များကို ရှင်းလင်း အသိပေးပြော ကြား ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)