ကုန်ဈေးနှုန်းကောက်ယူမှုလုပ်ငန်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စားသုံသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး မှဒေါ်ထူးမြတ်အိ (လက်ထောက်ညွှန်ကြားရေးမှူး) ၊ ဒေါ်ခင်သီ (ဦးစီးအရာရှိ)၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးလှစိုး(ခရိုင်ဦးစီးမှူး) နှင့် တာဝန်ရှိဝန်ထမ်း(၄)ဦး၊ ဗဟိုစာရင်းအင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး တိုင်းဦးစီးမှူး ဒေါ်တင်တင်လှ နှင့် ဝန်ထမ်း(၂)ဦး ၊ ပုဇွန် တောင်ဈေးရုံးမှ တာဝန်ရှိသူများ လိုက်ပါပြီး ၂၃.၁.၂၀၂၅ ရက်နေ့၊ နံနက် (၉:၁၅) အချိန်တွင် ပုဇွန်တောင်စည်ပင်သာယာဈေးသို့သွားရောက်ပြီး အထက်ဌာနများသို့ တင်ပြ လျက်ရှိသည့် အခြေခံစားကုန်များမှ ဆန် ဈေးနှုန်း(လက်လီ/လက်ကား) ရောင်းချနေသည့် ဆန် ဈေးနှုန်များ မှန်ကန်မှုရှိစေရေးနှင့် ဈေးကွက်အတွင်း ဝင်ရောက်မှုအခြေအနေတို့ကို ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပုဇွန်တောင်ဈေးအတွင်းရှိ အင်ကြင်းခိုင်၊ ဒို့ညီနောင်၊ အောင်သိဒ္ဒီဆန်ဆိုင်တို့၌ ကုန်ဈေးနှုန်းစာရင်းများကို ကောက်ယူခဲ့ပြီး ၊ ဆန်များဈေးကစားရန် အလို့ငှာ သိုလှောင်ထားခြင်းမပြုရန်နှင့်ဈေးနှုန်းများ အဆမတန်မြှင့်တင်ရောင်းချခြင်းမပြုရန် အသိ ပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)