
မြန်မာနိုင်ငံသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအတွင်းပဲမျိုးစုံတန်ချိန် ၁.၅ သန်း ကျော် တင်ပို့ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာ Global News Light Of Myanmar မှဇန်နဝါရီ ၂၂ ရက်နေ့ က ဖော်ပြချက်အရသိရသည်။
တင်ပို့မှုတွက် ကုလားပဲနက်တန်ချိန် ၇၀၀၀၀၀၊ ပဲစဥ်းငုံတန်ချိန် ၂၀၀၀၀၀ နှင့်ကုလားပဲစိမ်း တန်ချိန် ၄၀၀၀၀၀ ရှိကြောင်းမြန်မာနိုင်ငံပဲမျိုးစုံ၊ ပဲ၊ ပြောင်းနှင့် နှမ်းစေ့ကုန်သည်များအသင်း၏ ထုတ်ပြန်ချက်ကိုကိုးကား၍ ဖော်ပြချက်အရသိရသည်။
မြန်မာနိုင်ငံသည် ပြည်ပစျေးကွက်သို့ ကုလားပဲနက်၊ကုလားပဲစိမ်းနှင့် ပဲစဥ်းငုံတို့ကိုအဓိက တင်ပို့လျှက်ရှိကြောင်းသိရသည်။
၎င်းတို့အနက် ကုလားပဲနက်နှင့် ပဲစဥ်းငုံတို့ကို အိန္ဒိယသို့ အဓိကတင်ပို့နေပြီး ကုလားပဲစိမ်းကို တရုတ်နှင့် ဥရောပသို့တင်ပို့လျှက်ရှိကြောင်းသိရသည်။
DOCA(ရန်ကုန်)