
၂၀၂၄ ဇွန်လမှစတင်ကာ ကနေဒါနိုင်ငံမှ ကနိုလာများတင်သွင်းမှုသည် ဘေဂျင်းမှမြှုပ်နှံမှု တိုက်ဖျက်ရေးစစ်ဆေးမှုအား စတင်ခဲ့ပြီးနောက် ဒီဇင်ဘာလတွင်ကျဆင်းသွားခဲ့ကြောင်း တရုတ်အ ကောက်ခွန်ဒေတာ၏ ဇန်နဝါရီ ၂၀ ရက်နေ့ကဖော်ပြချက်အရသိရသည်။ Ottwa သည် တရုတ်လုပ် လျှပ်စစ်ကားများအပေါ်တစ်နှစ်ကြာစုံစမ်းစစ်ဆေးမှုတစ်ရပ်ကို စက်တင်ဘာလတွင် ဘေဂျင်းမှစတင် ခဲ့ပြီး ကနေဒါမှ တင်သွင်းသူများကို လက်တုံ့ပြန်သည့် မြှုပ်နှံမှုတိုက်ဖျက်ရေးအခွန်အခများပြန်လည် ရရှိမည်ကို စိုးရိမ်လျှက်ရှိသည်။ကနေဒါမှ ဒီဇင်ဘာလတင်ပို့မှုမှာ ယခင်နှစ်အလားတူကာလကထက် ၁၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၅၈၈၁၈၁ မတ်ထရစ်တန်အထိရှိခဲ့သည်။ ယင်းသည်ခုနှစ်လအတွင်း တစ်နှစ်ထက်တစ်နှစ် ပထမဦးဆုံးကျဆင်းမှုဖြစ်ပြီး သြဂုတ်လနောက်ပိုင်းအနိမ့်ဆုံးတင်ပို့မှုပမာဏ လည်းဖြစ်သည်။ ကနေဒါနိုင်ငံ၏ ကနိုလာတင်ပို့မှု၏ ထက်ဝက်ကျော်ခန့်သည် ကမ္ဘာ့အကြီးဆုံးဆီ ထွက်ကုန်တင်သွင်းသူဖြစ်သည့် တရုတ်နိုင်ငံသို့ ရောက်ရှိသွားခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ စုစုပေါင်းကနိုလာ တင်သွင်းမှုသည် ၂၀၂၃ ခုနှစ်၏ တန်ချိန် ၅.၄၉ သန်းနှင့်နှိုင်းယှဥ်ပါက ၂၀၂၄ ခုနှစ် တွင် ၆.၃၉ သန်းသို့ မြင့်တက်လာခဲ့သည်ဟု အကောက်ခွန်အချက်အလက်များအရသိရသည်။
DOCA(ရန်ကုန်)