ယူကေစွမ်းအင်လုပ်ငန်းက Habour Energy ၏ ဗီယက်နမ်လုပ်ငန်းရှယ်ယာများအား ဝယ်ယူ

Powered by Drupal

          ဗြိတိန်စွမ်းအင်ကုမ္ပဏီဖြစ်သည့် EnQuest သည် နိုင်ငံတကာသို့တိုးချဲ့ရန် ၎င်းတို့၏ မဟာဗျူဟာတစ်စိတ်တစ်ပိုင်းအဖြစ် ဗီယက်နမ်ရှိ Habour Energy ၏ လုပ်ငန်းရှယ်ယာများအား ဝယ်ယူခဲ့ကြောင်း ဇန်နဝါရီလ ၂၂ ရက်နေ့ကကြေညာခဲ့ပါသည်။ အရောင်းအဝယ်စာချုပ်သည် အမေရိကန်ဒေါ်လာ ၈၄ သန်း တန်ကြေးရှိပြီး ထိုဝယ်ယူမှုသည် EnQuest အတွက် မလေးရှားရှိတည်ရှိပြီးဈေးကွက်အပြင် ၎င်းတို့၏ အရှေ့တောင်အာရှဈေးကွက်ကို ထပ်မံတိုးချဲ့ ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ထိုသဘောတူညီချက်တွင် ဗီယက်နမ်ကမ်းလွန်ပင်လယ်ပြင်ရှိ Chim Sao နှင့် Dua ရေနံသိုက်များမှ ရှယ်ယာ ၅၃.၁၂၅ ရာခိုင်နှုန်း ပါဝင်ပြီး ယခုနှစ်၏ ဒုတိယ ၃ လပတ်ကာလတွင် အရောင်းအဝယ်အပြီးသတ်နိုင်ရန် မျှော်လင့်ရကြောင်း သိရပါသည်။ ယူကေ တွင် ရုံးချုပ်တည်ရှိသည့် EnQuest သည် စွမ်းအင်အသွင်ကူးပြောင်းမှုကနဦးစတင်မှုကို အဓိကထားပြီး စွမ်းအင်ဖူလုံရေးနှင့် ကာဘွန်ထုတ်လွှင့်မှုလျှော့ချခြင်းတို့ကို အသားပေး ဆောင်ရွက်သွားမည်ဟု သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် ထိုရေနံသိုက်များမှ ထုတ်လုပ်နိုင်မှုကို တစ်နေ့လျှင်ပျမ်းမျှ စည် ၅၃၀၀ ခန့်မှန်းထားကြောင်း သိရပါသည်။ EnQuest ၏ အလုပ်အမှု ဆောင်အဖွဲ့ခေါင်းဆောင်ဖြစ်သူ Amjad Bseisu က ဗီယက်နမ်သို့ EnQuest ၏ဝင်ရောက်မှုသည် အရှေ့တောင်အာရှတွင်  ၎င်းတို့၏လုပ်ငန်းစဉ်များနှင့် အခွင့်အလမ်းပမာဏကို သိသာစွာ မြှင့်တင်ရန်ဖြစ်ကြောင်းနှင့် ဒေသသည် ကုမ္ပဏီ၏ကြီးထွားမှုနှင့် ကွဲပြားမှုမဟာဗျူဟာအတွက် အဓိကနေရာတွင်ရှိနေကြောင်း ပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)