အင်ဒိုနီးရှားနိုင်ငံ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဝန်ကြီးဌာနက ဟာလာထုတ်ကုန် များဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထားရမည့်ဧရိယာ ၃ ခုအား ၂၀၂၅-၂၀၂၉ နိုင်ငံတော် အလယ်အလတ်ကာလဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (RPJMN) တွင် ဖော်ပြချက်အရ သိရပါသည်။ ထိုဧရိယာများတွင် ဟာလာထုတ်ကုန်နှင့်ပတ်သတ်၍ နားလည်သဘောပေါက်ခြင်း၊ ဝန်ဆောင်မှု အရည်အသွေးတိုးတက်ခြင်းနှင့် ဟာလာထုတ်ကုန်အာမခံချက်တွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းခြင်းတို့ ပါဝင်ကြောင်း သိရပါသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဝန်ကြီး ဖြစ်သူ Rachmat Pambudy က တက္ကသိုလ်များတွင် ဟာလာသုတေသနစင်တာများ တည်ထောင်ရေးသည် အစီအစဉ်တွင် ပါဝင်ကြောင်းနှင့် ဆန်းသစ်တီထွင်မှုကို ပံ့ပိုးရန် တက္ကသိုလ် သုတေသနလုပ်ငန်းစဉ်ထောက်ပံ့ရေးရံပုံငွေမှတစ်ဆင့် တွန်းအားပေးဆောင်ရွက်သွားမည်ဟု ဇန်နဝါရီလ ၂၂ ရက်နေ့က ပြောကြားခဲ့ပါသည်။ ဟာလာထုတ်ကုန် အာမခံအေဂျင်စီ(BPJPH) ၏ အကြီးအကဲဖြစ်သူ Haikal Hassan နှင့် အစည်းအဝေးအတွင်း Pambudy က ဟာလာထုတ်ကုန် ဂေဟစနစ် အားကောင်းရေး အရေးတကြီးလိုအပ်နေမှုကို အသားပေးပြောကြားခဲ့ကြောင်း သိရ ပါသည်။ ၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ်မစ်စီးပွားရေးအညွှန်းကိန်းတွင် အင်ဒိုနီးရှားနိုင်ငံ သည် အမှတ် ၈၀.၁ ဖြင့် တတိယနေရာတွင်ရပ်တည်နေပြီး ကမ္ဘာ့ဟာလာဂေဟစနစ်တွင် ဗျူဟာ မြောက်ရပ်တည်နေကြောင်း သိရပါသည်။ ဟာလာထုတ်ကုန်အာမခံချက် အကောင်အထည် ဖော်ပေးမည့် အင်ဒိုနီးရှား၏ အာမခံချက်ရှိမှုသည် အစိုးရစည်းမျဉ်း၏ ပံ့ပိုးမှုကြောင့်ဖြစ်ကြောင်း သိရပါသည်။ ဝန်ကြီးက ဟာလာအသိအမှတ်ပြုချက်ရရှိသည့်ထုတ်ကုန်များ မြင့်တက်လာခြင်း သည် နိုင်ငံအား ဟာလာစီးပွားရေးတွင် ကမ္ဘာ့အချက်အချာအဖြစ်တည်ရှိစေမည့် အာမခံချက် အားကောင်းလာခြင်းဖြစ်ကြောင်းနှင့် BPJPH နှင့်ပူးပေါင်းဆောင်ရွက်မှုသည် ဟာလာစီးပွားရေး ပါဝင်သော ကမ္ဘာလုံးဆိုင်ရာယှဉ်ပြိုင်နိုင်စွမ်းကြီးထွားမှု အရှိန်မြှင့်တင်ရေးအတွက် ဗျူဟာမြောက် ခြေလှမ်းတစ်ရပ်ဖြစ်လာကြောင်း ပြောကြားခဲ့ပါသည်။
DOCA(ရန်ကုန်)