Toshiba (Thailand) Co Ltd သည် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ရောင်းအား ၂၅ ရာခိုင်နှုန်း မြင့်တက်ပြီး ထုတ်ကုန်အမျိုးအစားသစ် ၅၀ ကျော်ကို မိတ်ဆက်ရန် စီစဉ်နေကြောင်း သိရပါသည်။ ကုမ္ပဏီ၏ ဒုတိယမန်နေးဂျင်းဒါရိုက်တာဖြစ်သူ Alex Ma က ၂၀၂၄ ခုနှစ်တွင် ထိုင်း နိုင်ငံ၏လျှပ်စစ်ပစ္စည်းဈေးကွက်သည် ဘတ် ၈၃ ဘီလီယံ တန်ဖိုးရှိခဲ့ပြီး ရောင်းချရသည့်ပမာဏ မှာအလုံးရေ ၂၁ သန်း ပတ်လည်ရှိခဲ့ကာ ၂၀၂၃ ခုနှစ်ကထက် ၉ ရာခိုင်နှုန်းနှင့် ၄ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ထိုရောင်းချသည့်ပစ္စည်းများတွင် ရေခဲ သေတ္တာများ၊ အဲကွန်းများ၊ အသေးစားအိမ်သုံးပစ္စည်းများ ပါဝင်ကြောင်း သိရပါသည်။ Mr Ma က ၂၀၂၅ ခုနှစ်တွင် ဈေးကွက်သည် ၅ ရာခိုင်နှုန်းကြီးထွားလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။ ကုမ္ပဏီသည် ၂၀၂၅ ခုနှစ်တွင် ထုတ်ကုန်သစ် ၅၃ ခု မိတ်ဆက်ရန်စီစဉ်ထားကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် Toshiba သည် စံချိန်တင် ဝင်ငွေ ၂၄ ရာခိုင်နှုန်းမြင့်တက် ခဲ့ကြောင်း သိရပါသည်။ ရေခဲသေတ္တာကဏ္ဍသည် ၂၀၂၄ ခုနှစ်တွင် ကုမ္ပဏီ၏ ဝင်ငွေအများဆုံး ရရှိသည့် ကဏ္ဍဖြစ်ခဲ့ပြီး ၂၀ ရာခိုင်နှုန်းကြီးထွားခဲ့ကာ ၎င်းတို့နောက်တွင် အဝတ်လျှော်စက် ရပ်တည်နေပြီး ၃၉ ရာခိုင်နှုန်း ကြီးထွားခဲ့ကြောင်း သိရပါသည်။ မိုက်ခရိုဝေ့ဖ်မှ တင်ငွေရရှိမှုမှာ ၂၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ထမင်းပေါင်းအိုးကဲ့သို့သော အသေးစားပစ္စည်းများမှ ဝင်ငွေရရှိမှုမှာ ၁၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ရေအပူပေးစက်အစရှိသည့် ရေနှင့်ဆက်စပ်သည့် ထုတ်ကုန်များ ရောင်းချရမှုမှာ ဆက်လက်တည်ငြိမ်လျှက်ရှိကြောင်း သိရပါသည်။ ၎င်းထုတ်ကုန် အားလုံးသည် ကုမ္ပဏီ၏ ရောင်းချရမှုတွင် သေးငယ်သောအစိတ်အပိုင်းမျှသာရှိပြီး အဲကွန်း ရောင်းချရမှုမှာ စံချိန်တင် ၈၂ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ကုမ္ပဏီသည် ဖြန့်ဖြူးရေးနေရာများကို ၅၀၀ ထိ ထပ်တိုးခြင်းနှင့်အတူ ထပ်မံတိုးချဲ့ရန်စီစဉ်နေကြောင်း သိရပါသည်။ Online နှင့် Offline မီဒီယာများသည်လည်း မဟာဗျူဟာတွင် သိသာထင်ရှားသော ကဏ္ဍတွင် ပါဝင်နေကြောင်း သိရ ပါသည်။ Mr Ma က ယခုနှစ်တွင် ၎င်းတို့၏ Brand ambassador အား ဒေသတွင်းအဆင့်အထိ မြှင့်တင်သွားမည်ဖြစ်ပြီး ကြေညာမိတ်ဆက်မှု ဆောင်ရွက်ချက်များကို မောင်းနှင်ရန် များစွာသော အရောင်းမြှင့်တင်ခြင်း အစီအစဉ်များကို စီစဉ်ထားကြောင်း ပြောကြားခဲ့ပါသည်။ Toshiba ၏ ထုတ်ကုန်မော်ဒယ်အသစ် ၅၃ မျိုးတွင် ရေခဲသေတ္တာ ၁၁ မျိုး၊ အဝတ်လျှော်စက် ၁၉ မျိုး၊ မီးဖိုချောင်သုံးပစ္စည်း ၁၆ မျိုးနှင့် အိမ်သုံးပစ္စည်း ၇ မျိုးတို့ပါဝင်ကြောင်း သိရပါသည်။ ကုမ္ပဏီ၏ ထုတ်ကုန်မဟာဗျူဟာမန်နေဂျာ Ekdanai Tuntipumiamorn ကထိုင်းနိုင်ငံတွင်ထုတ်လုပ်သည့် ထုတ်ကုန်များသည် ၎င်းတို့၏ အရည်အသွေးနှင့်ပတ်သတ်၍ အသိအမှတ်ပြုခံထားရပြီး ဒေသ တစ်ဝှမ်းရှိ စားသုံးသူများ၏ ယုံကြည်ချကို ရရှိထားကြောင်း ပြောကြားခဲ့ပါသည်။ Mr Ma က ထိုင်းနိုင်ငံ၏ လျှပ်စစ်ပစ္စည်း ဈေးကွက်သည် ဈေးနှုန်းနှင့် တန်ဖိုးကွင်းဆက်တွင် ယှဉ်ပြိုင်မှု ပြင်းထန်လျှက်ရှိကြောင်းနှင့် ထိုယှဉ်ပြိုင်မှုသည် စားသုံးသူများအတွက် အကျိုးကျေးဇူးရှိကြောင်း ပြောကြားခဲ့ပါသည်။
DOCA(ရန်ကုန်)