၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့၊ ၁၅:၀၀ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ရတနာဦးယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd မှ စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်း ဆီ (၈၄) ပေပါကို ယာဥ်မောင်း ဦးယဉ်ထွေး၊ ယာဉ်အမှတ် 9K-7917/ FUSO မော်တော်ယာဥ်နှင့် အလားတူ ၁၅း၃၀ အချိန်တွင် Yadanarbon Global Network Distribution Co,Ltd မှ စားအုန်းဆီ (၅၃) ပေပါကို ယာဉ်မောင်း ဦးဝင်းမြင့်၊ ယာဉ်အမှတ် 9H-3895/ Nissan Diesel မော်တော်ယာဉ် တို့ဖြင့်တင်ဆောင်၍ အသီးသီးရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါစားအုန်းဆီစုစုပေါင်း (၁၃၇) ပေပါအား ကုမ္ပဏီ ၏လက်ကား အရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့တွင်းရှိ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်း ရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်း စျေးအတိုင်း စားသုံးသူများအားရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)