ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ် ဆီစက်လုပ်ငန်းရှင်များနှင့်ဆီကုန်သည်ကြီးများသည်မြို့နယ်အတွင်းစားသုံးဆီပမာဏဖူလုံအောင်ကြိတ်ခွဲထုတ်လုပ်ရောင်းချခြင်းနှင့်စားအုံးဆီများတင်သွင်းရောင်းချပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ရောင်းချရာတွင် ဈေးကွက်အတွင်း ကုန်အမှတ်တံဆိပ် ပြည့်စုံစွာပါဝင်မှု့မရှိသော တရားမဝင်စားသုံးဆီများ F.D.A ဌာနမှထုတ်ပြန်ထားသော ရောင်းချခွင့်မပြုသော စားသုံးဆီများ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရန်နှင့်အခြားရောနှောဆီများ ရောင်းချမှုမရှိစေရန်၊သတ်မှတ် ထုတ်ပြန်ထားသော ဈေးနှုန်းများအတိုင်းသာ ရောင်းချစေရန်တို့အတွက် အုတ်ဖိုမြို့နယ်မှ စားသုံးသူ ရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံရုံးရှိ ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဆီကုန် သည်အသင်းများနှင့်အတူ ရှောင်တခင်ဈေးကွက်စောင့်ကြည့် စစ်ဆေးလျက်ရှိပါသည်။
ဈေးကွက်အတွင်းသတ်မှတ်ခွင့်ပြုထားသော စားသုံးဆီများသာ ရောင်းချလျက်ရှိပြီး ဇန်နဝါရီ တတိယပတ်အတွင်း မြေပဲဆီ တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ နှမ်းဆီ(စစ်စစ်) တစ်ပိဿာ လျှင် ၂၀၀၀၀ ကျပ်နှင့် စားအုံးဆီတစ်ပိဿာလျှင် ၈၀၀၀ ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း တွေ့ရှိရပါသည်။
DOCA(ပဲခူး)