ပေါင်းတည်မြို့နယ် မင်းကွက် အ.ထ.က ကျောင်း၌ အသိပညာပေးဟောပြော

Powered by Drupal

နတ်တလင်းခရိုင် ပေါင်းတည်မြို့နယ် မင်းကွက်(၁)ရပ်ကွက်၊ မင်းကွက် အ.ထ.ကကျောင်း တွင်(2၄.၁.၂၀၂၅)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ပြန်ဆက်ဦးစီးဌာန၊ မြို့နယ်ရဲတပ် ဖွဲ့နှင့် မြို့နယ်တရားသူကြီးတို့ ပူးပေါင်း၍ ဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

ထိုသို့ဟောပြောရာတွင် ပေါင်းတည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်သိန်းမှ စားသုံးသူရေးရာဥပဒေအကြောင်းနှင့် လတ်တလောဖြစ်ပေါ်နေသော ဘိတ်ရှုခြင်း အန္တရာယ်အကြောင်းအရာတို့ကို ဟောပြောခဲ့ပါသည်။ မြို့နယ်ပြန်ဆက်ဦးစီးဌာနမှ လူကုန်ကူးမှု အန္တရာယ်အကြောင်း ပြောကြားပြီး နံရံကပ်စာစောင်များကြည်ရှုစေကာ ကျောင်းသား/သူများအား အသိပညာဗဟုသုတများ ဖြန့်ဝေခဲ့ပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး အန္တရာယ်ဆိုးကျိုး များကို ကလေးသူငယ်များအနေဖြင့် လုံးဝမသက်ဆိုင်ပါကြောင်းနှင့် သုံးစွဲမိပါက တဘဝလုံးလူညွှန့် တုံးနိုင်ပါကြောင်း အသိပညာပေးခဲ့ပြီး မြို့နယ်တရားသူကြီးမှလည်း ဥပဒေအကြောင်း ဟောပြောခဲ့ ရာအဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/သူဦးရေ (၈၀) တက်ရောက်ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)