ပေါင်းတည်မြို့နယ်အောင်ဇော်အမှတ်တံဆိပ်ငါးမုန့်/ပဲခွေလုပ်ငန်းရှင် နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

နတ်တလင်းခရိုင် ၊ပေါင်းတည်မြို့နယ်အတွင်းရှိ နွယ်ချို(၁)ရပ်ကွက်၊ တာပွန်လမ်းတွင် ငါးမုန့် နှင့် ပဲခွေကြော်လုပ်ငန်း လုပ်ကိုင်နေသော အောင်ဇော်အမှတ်တံဆိပ် စီးပွားရေးလုပ်ငန်းရှင် ဦးအောင်သူနှင့် (၂၄.၁.၂၀၂၅)ရက်နေ့ နေ့လည့်(၁:၀၀)နာရီတွင်တွေ့ဆုံပြီး ထုတ်လုပ်နေမှုအား မေးမြန်းခဲ့ပါသည်။ 

ပေါင်းတည်မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်သဉ္ဇာဝင်းသည် ငါးမုန့်နှင့် ပဲခွေ ကြော်လုပ်ငန်း ထုတ်လုပ်နေမှုအား သွားရောက်မေးမြန်းခဲ့ပါသည်။ ငါးမုန့်လုပ်ငန်း ၊ပဲခွေကြော် လုပ်ငန်းများတွင် သန့်ရှင်းလတ်ဆတ်သောမုန့်များ ထုတ်လုပ်နေမှုနှင့်ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှုရှိ/မရှိ စစ်ဆေးခဲ့ပါသည်။ စားသုံးသူရေးရာ အခန်း(၁၈) ပုဒ်မ(၅၂)အရ ကုန်အညွှန်း အမှတ် အသားပြည့်စုံမှန်ကန်စွာ ထည့်သွင်းနိုင်ရေးနှင့် သန့်ရှင်းလတ်ဆတ်စွာ ထုတ်လုပ်ရောင်းချနိုင်ရေး အသိပညာပေး ပြောကြားခဲ့ပါသည်။

DOCA(ပဲခူး)