အသစ်ထုတ်ပြန်လိုက်သည့် ကမ္ဘာ့စီးပွားရေးမျှော်မှန်းချက်အစီရင်ခံစာတွင် ကမ္ဘာ့ဘဏ်က ၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်၏ GDP ကြီးထွားမှုသည် ၆.၆ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထား ကြောင်း သိရပါသည်။ ထိုကိန်းဂဏန်းသည် ၂၀၂၄ ခုနှစ်အောက်တိုဘာလ ခန့်မှန်းချက်ထက် ၀.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထို့ပြင်ကမ္ဘာ့ဘဏ်သည် ဗီယက်နမ်၏ ၂၀၂၆ ခုနှစ် GDP ကြီးထွားနှုန်းကို ၆.၃ ရာခိုင်နှုန်း ခန့်မှန်းထားပြီး GDP ကြီးထွားနှုန်းတွင် ဒေသကိုဦးဆောင် ရန် မျှော်မှန်းရကြောင်း သိရပါသည်။ ၎င်းတို့သည့် မွန်ဂိုလီးယား (၆.၁ ရာခိုင်နှုန်း)၊ ဖိလစ်ပိုင်(၆ ရာခိုင်နှုန်း)၊ ထိုင်း(၅.၁ ရာခိုင်နှုန်း)နှင့် တရုတ်(၄ ရာခိုင်နှုန်း) တို့ပါဝင်သည့် အဓိကစီးပွားရေး ကြီးထွားနှုန်းမြန်ဆန်မည့် နိုင်ငံများကို ကျော်ဖြတ်နိုင်မည် ဖြစ်ကြောင်း သိရပါသည်။ စုစုပေါင်း အနေဖြင့် ကမ္ဘာ့ဘဏ်သည် အရှေ့အာရှနှင့်ပစိဖိတ်(EAP) ဒေသ GDP ကြီးထွားနှုန်းကို တရုတ်၏ စီးပွားရေးကျဆင်းမှုကြောင့် ၂၀၂၅ ခုနှစ်တွင် ၄.၆ ရာခိုင်နှုန်းမှ ၂၀၂၆ ခုနှစ်တွင် ၄.၁ ရာခိုင်နှုန်းထိ ကျဆင်းမည်ဟု ခန့်မှန်းထားကြောင်း သိရပါ သည်။ တရုတ်မပါဝင်ပါက EAP စီးပွားရေးသည် ပြည်တွင်းဝယ်လိုအားကောင်းမှုကြောင့် ကြီးထွားနှုန်း ၄.၇ ရာခိုင်နှုန်းတွင် ဆက်လက်ထိန်းသိမ်း ထားနိုင်ရန် ခန့်မှန်းရကြောင်း သိရပါ သည်။ ၂၀၂၄ ခုနှစ်တွင် EAP ၏ စီးပွားရေးသည် တရုတ် မပါဝင်ပါက ကုန်သွယ်ရေး၊ ပြည်တွင်း ခရီးသွားကဏ္ဍနှင့် ဝယ်လိုအားနာလံထူလာမှုကြောင့် ခန့်မှန်း ၄.၈ ရာခိုင်နှုန်းကြီးထွားခဲ့ပြီး ၂၀၂၃ ခုနှစ်က ၄.၃ ရာခိုင်နှုန်းထက် မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ကမ္ဘာ့ဘဏ်က ဗီယက်နမ်သည် ၎င်းတို့၏ အားကောင်းသော တင်ပို့နိုင်စွမ်းကြောင့် ဒေသတွင်းစီးပွားရေးကြီးထွားမှုတွင် တောက်ပ သည့် အနာဂတ်ရှိနေကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ကမ္ဘာ့ဘဏ်သည် ကမ္ဘာ့ကုန်သွယ်ရေး မသေချာမရေရာမှုများ၊ တရုတ်စီးပွားရေးကျဆင်းမှု၊ ပထဝီနိုင်ငံရေးတင်းမာမှုများနှင့် ကမ္ဘာလုံး ဆိုင်ရာ ငွေကြေးဖောင်းပွမှုများပါဝင်သည့် ဒေသတွင်း စီးပွားရေးစွန့်စားရမှုများနှင့်ပတ်သတ်ပြီး သတိပေးခဲ့ကြောင်း သိရပါသည်။ ရာသီဥတုပြောင်းလဲ မှုကြောင့်ဖြစ်ရသည့် သဘာဝဘေးအန္တရာယ် များသည်လည်း ဒေသစီးပွားရေးမျှော်မှန်းချက်ကို ဆက်လက်ဖိအားပေးနိုင်ကြောင်း သိရပါ သည်။ တစ်ကမ္ဘာလုံးအနေဖြင့် ကမ္ဘာ့ဘဏ်သည် ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်အတွက် စီးပွားရေး ကြီးထွားနှုန်းကို ၂၀၂၄ ခုနှစ်နှင့်တူညီသည့် နှုန်းထား ဖြစ်သည့် ၂.၇ ရာခိုင်နှုန်း ခန့်မှန်းထား ကြောင်း သိရပါသည်။
DOCA(ရန်ကုန်)