၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၏ ဖိလစ်ပိုင်သို့တင်ပို့မှု ပထမဆုံးအနေဖြင့် အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ကျော်ခဲ့

Powered by Drupal

          ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်နှင့် ဖိလစ်ပိုင်ကုန်သွယ်မှုသည် အထင်ကြီးဖွယ်မှတ်တိုင်တစ်ခု သို့ ရောက်ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၈.၆ ဘီလီယံ ရှိခဲ့ကာ ၂၀၂၃ ခုနှစ်တူညီသည့်ကာလထက် ၁၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ပြည်ပကုန်သွယ်‌ရေး အေဂျင်စီ၏ အဆိုအရသိရပါသည်။ ဗီယက်နမ်သည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆.၁၉ ဘီလီယံ တန်ဖိုးရှိသောကုန်ပစ္စည်းများ ဖိလစ်ပိုင်သို့တင်ပို့ခဲ့ပြီး  ပြန်လည်တင်သွင်းမှုမှာ အမေရိကန် ဒေါ်လာ ၂.၄၇ ဘီလီယံ ရှိကာ ၂၀၂၃ ခုနှစ်ကထက် ၂၀.၂ ရာခိုင်နှုန်း နှင့် ၆.၇ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ရလဒ်အနေဖြင့် ကုန်သွယ်ရေးပိုငွေ အမေ ရိကန်ဒေါ်လာ ၃.၇၂ ဘီလီယံ ရရှိခဲ့ကြောင်း သိရပါသည်။ ဖိလစ်ပိုင်ရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံး ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်သူ Phung Van Thanh က ကိုဗစ် ၁၉ ကပ်ရောဂါမတိုင်မီက နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှုပမာဏမှာ တိုးတက်မှုမရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ သို့သော် ဈေးကွက်မြှင့်တင် ခြင်းတွင် ဗျူဟာမြောက်အားထုတ်မှုများနှင့် ဈေးကွက်အလားအလာ နားလည် သဘောပေါက်မှု မြင့်တက်လာခြင်းကြောင့် အားကောင်းသောကုန်သွယ်ရေးသို့ အသွင်ကူးပြောင်းခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ဆန်သည် အမေရိကန်ဒေါ်လာ ၂.၆ ဘီလီယံဖြင့် အားကောင်း သော ပို့ကုန်အမျိုးအစားဖြစ်ခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၄၈.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ ကြောင်း သိရပါသည်။ အခြား သိသာထင်ရှားသည့်ပို့ကုန်အမျိုးအစားများထဲတွင် စက်ပစ္စည်းများ နှင့် အပိုပစ္စည်းများ( အမေရိကန်ဒေါ်လာ ၃၉၃ သန်း)၊ Clinker နှင့် ဘိလပ်မြေ (အမေရိကန် ဒေါ်လာ ၃၁၉ သန်း)၊ ကော်ဖီ (အမေရိကန်ဒေါ်လာ ၂၈၈.၅ သန်း)၊ တယ်လီဖုန်းများနှင့် အစိတ်အပိုင်း များ(အမေရိကန်ဒေါ်လာ ၂၁၂.၃ သန်း)နှင့် သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များနှင့် အပိုပစ္စည်း များ(အမေရိကန်ဒေါ်လာ ၂၀၀.၄ သန်း) တို့ဖြစ်ကြောင်းသိရပါသည်။ စီးပွားရေးဖွံ့ဖြိုး တိုးတက် မှုအရှိန်မြှင့်တင်လျှက်ရှိပြီး စားသုံးမှုဝယ်လိုအားကွဲပြားသည့် ဖိလစ်ပိုင်သည် ဗီယက်နမ် ပို့ကုန်လုပ်ငန်းရှင်များအတွက် ဆွဲဆောင်မှုရှိသော နိုင်ငံတစ်ခုဖြစ်ပြီး တင်ပို့သည့်အမျိုးအစား ၃၅ ခုရှိကာ စိုက်ပျိုးရေးထုတ်ကုန်များက အများစုဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောကြား ခဲ့ပါသည်။ ထို့ပြင် ထိုင်း၊ တရုတ်နှင့် အိန္ဒိယ အစရှိသည့် ပြိုင်ဘက်များထံမှ ယှဉ်ပြိုင်မှုဖိအား ကလည်း ဈေးကွက်ဝင်ရောက်ရာတွင် စိန်ခေါ်မှုများရှိနေကြောင်း သိရပါသည်။ ကျွမ်းကျင်သူများ က ဖိလစ်ပိုင်ဈေးကွက်တွင် စားသုံးသူ၏ယုံကြည်မှုရရှိရန် နှင့် တင်ပို့မှုအားကောင်းရန်အတွက် စီးပွားရေးလုပ်ငန်းများသည် နည်းပညာ၊ ထုတ်ကုန်ဆန်းသစ်တီထွင်မှုနှင့် အမှတ်တံဆိပ် တည်ထောင်ခြင်းတို့တွင် ရင်းနှီးမြှုပ်နှံသင့်ကြောင်း အကြံပြုခဲ့သည်ဟု သိရပါသည်။

DOCA(ရန်ကုန်)