၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ဗီယက်နမ်နိုင်ငံ၏ Can Tho စက်မှုဇုန်များသည် အမေရိကန် ဒေါ်လာ ၃၁၄ သန်းတန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို ဆွဲဆောင်နိုင်ခဲ့ကြောင်း ဇုန်များ ၏ စီမံခန့်ခွဲမှုဘုတ်အဖွဲ့၏ အဆိုအရ သိရပါသည်။ ၎င်းတို့တွင် အမေရိကန်ဒေါ်လာ ၃၀၈.၂၂ သန်း တန်ဖိုးရှိသော Thanh Binh Phu My Corporation ၏ Vinh Thanh စက်မှုဇုန်အခြေခံအဆောက် အအုံဆောက်လုပ်ခြင်းနှင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုစီမံကိန်း ဒုတိယအဆင့်နှင့် အမေရိကန် ဒေါ်လာ ၅.၅၆ သန်းတန်ဖိုးရှိသော Wilmar Agro Vietnam Co.,Ltd ၏ စီမံကိန်းပါဝင်ကြောင်း သိရပါသည်။ ယခုအချိန်အထိ Can Tho မြို့တော်ရှိစက်မှုဇုန်များသည် အမေရိကန်ဒေါ်လာ ၂.၂၅၆ ဘီလီယံ တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၂၅၇ ခုကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရပါ သည်။ ယခုနှစ် ဇန်နဝါရီလတစ်လတည်းတွင် Can Tho ရှိစက်မှုဇုန်များတွင် လည်ပတ်နေကြ သည့် စီးပွားရေးလုပ်ငန်းများသည် စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၂၃၂.၉ သန်းရရှိခဲ့ကြောင်း သိရပါသည်။ ထိုပမာဏထဲမှ အမေရိကန်ဒေါ်လာ ၅၈.၇ သန်းမှာ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရ ပါသည်။ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများသည်လည်း စံချိန်တင် ဝင်ငွေအမေရိကန်ဒေါ်လာ ၇၉.၄ သန်း ရရှိခဲ့ပြီး ပြည်ပသို့တင်ပို့ခြင်းမှ ဝင်ငွေရရှိမှုမှာ အမေရိကန်ဒေါ်လာ ၂၃.၆ သန်းရှိခဲ့ကာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလထက် ၁၉ ရာခိုင်နှုန်းနှင့် ၃၉ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း သိရပါသည်။ Vinh Thanh စက်မှုဇုန်ဒုတိယအဆင့်သည် Vinh Thanh တွင်တည်ရှိပြီး ဟတ်တာ ၅၄၀ အကျယ်အဝန်းရှိကြောင်း သိရပါသည်။ ၎င်းစက်မှုဇုန်တွင် ပင်လယ်ဆိပ်ကမ်းထောက်ပံ့ ပို့ဆောင်ရေး၊ ကုန်းတွင်းဆိပ်ကမ်းများ၊ သိုလှောင်ရုံများနှင့် သိုလှောင်မှုဝန်ဆောင်မှုများ စသည့် လုပ်ငန်းများပါဝင်ပြီး အလုပ်အကိုင် ၂၅၀၀၀ မှ ၃၂၀၀၀ ကြား ခန့်အပ်နိုင်ရန် ရည်ရွယ်ထား ကြောင်း သိရပါသည်။
DOCA(ရန်ကုန်)