ကမ္ဘောဒီးယားနိုင်ငံ၏ RCEP နိုင်ငံများနှင့် ကုန်သွယ်မှု ပမာဏသည် ၂၀၂၄ ခုနှစ်တွင် ကန်ဒေါ်လာ ၃၄.၅၂ ဘီလီယံအထိ ရောက်ရှိခဲ့

Powered by Drupal

          ကမ္ဘောဒီးယားနိုင်ငံ၏ ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) အဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်တွင် ကန်ဒေါ်လာ ၃၄.၅၂ ဘီလီယံ အထိ ရောက်ရှိခဲ့ပြီး ၂၀၂၃ နှစ်မှ ကန်ဒေါ်လာ ၂၉.၃၂ ဘီလီယံထက် ၁၇.၇ ရာခိုင်နှုန်းတိုးလာကြောင်း ၂၀-၁-၂၀၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သော တရားဝင်အစီရင်ခံစာအရသိရသည်။ RCEP အဖွဲ့ဝင်နိုင်ငံများသို့ ကမ္ဘောဒီးယား၏ ပို့ကုန်တန်ဖိုးမှာ ၂၀၂၄ ခုနှစ်တွင် ကန်ဒေါ်လာ ၉.၀၆ ဘီလီယံရှိခဲ့ပြီး ၂၀၂၃ ခုနှစ်က ကန်ဒေါ်လာ ၈.၀၄ ဘီလီယံထက် ၁၃ ရာခိုင်နှုန်းနီးပါး မြင့်တက် လာခဲ့ကြောင်း အကောက်ခွန်နှင့်အခွန်ကြီးကြပ်မှုဦးစီးဌာန (GDCE) ၏ အစီရင်ခံစာအရ သိရ သည်။ RCEP အဖွဲ့ဝင်နိုင်ငံများမှ ကမ္ဘောဒီးယားနိုင်ငံသို့ သွင်းကုန်စုစုပေါင်းသည် ကန်ဒေါ်လာ ၂၅.၄၆ ဘီလီယံရှိပြီး ၂၀၂၃ ခုနှစ်က ကန်ဒေါ်လာ ၂၁.၂၈ ဘီလီယံမှ ၁၉.၆ ရာခိုင်နှုန်း တိုးလာ ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ RCEP အဖွဲ့ဝင်နိုင်ငံများအနက် တရုတ်၊ ဗီယက်နမ်၊ ထိုင်း၊ ဂျပန်နှင့် စင်္ကာပူနိုင်ငံတို့သည် ကမ္ဘောဒီးယားနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများ ဖြစ်ကြသည်။ ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MoC) မှ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က RCEP သည် ရေရှည်ပို့ကုန်တိုးတက်မှုအတွက် အထောက်အကူဖြစ်စေပြီး နိုင်ငံတော်အတွင်နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) များ ပိုမို ရရှိရန် အဓိကအားထားရာဖြစ်ကြောင်း ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)