အိုင်စမတ်အွန်လိုင်းဖြင့် အီလက်ထရောနစ်ပစ္စည်းများ ရောင်းချနေသောလုပ်ငန်းသို့ မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့ သည် မင်္ဂလာဒုံမြို့နယ်ရှိ အွန်လိုင်းမှတ်ပုံတင်ထားသည့်လုပ်ငန်းရှင် ရောင်းချနေသည့်လုပ်ငန်းနေရပ် လိပ်စာနှင့် ကုန်စည်များသည် မြေပြင်တွင် အမှန်တကယ်ကိုက်ညီမှုရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေး ခြင်းလုပ်ငန်းကို ၂၄.၁.၂၀၂၅ ရက်နေ့ နေ့လည် (၁၂:၀၀)အချိန်တွင် ခိုင်သဇင်လမ်း၊ ပေါင်းကူရပ်ကွက်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ မင်္ဂလာဒုံမြို့နယ်၊ အိုင်စမတ်အွန်လိုင်းလုပ်ငန်းသို့ သွားရောက်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းမှတ်ပုံတင်ထားသည့် လုပ်ငန်းဖြစ်သည့် အီလက်ထ ရောနစ်ပစ္စည်းများအား အွန်လိုင်းရောင်းချခွင့်လုပ်ငန်းမှတ်ပုံတင်လျှောက်ထားစဉ်က ဖြည့်သွင်းထား သည့်နေရပ်လိပ်စာ၊ ရောင်းချရန်ကုန်စည်အမျိုးအစားစာရင်းများ ကိုက်ညီမှုရှိ/မရှိနှင့် အခြားလိုအပ် သည့်အချက်အလက်များအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)