စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၄.၁.၂၀၂၅ ရက် နေ့ နံနက်(၁၀:၀၀)အချိန်တွင် အမှတ်(၂၁)၊ ဝိသကြုံလမ်းသွယ်-၁၊ စမ်းကြီးဝရပ်ကွက်၊ မင်္ဂလာဒုံ မြို့နယ်ရှိ အွန်လိုင်းမှတ်ပုံတင်လျှောက်ထားသည့် အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ရောင်းချလျက်ရှိသည့် အနိုးအွန်လိုင်းလုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးက အွန်လိုင်းရောင်းချခွင့် မှတ်ပုံတင် လျှောက်ထားစဉ်က ဖြည့်သွင်းထားသည့်အချက်အလက်များအား မြေပြင်စစ်ဆေး ရာတွင် ကိုက်ညီမှု များရှိ/မရှိ စစ်ဆေးဆောင်ရွက်ပြီး စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်း၊ ကုန်ပစ္စည်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများအား ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)