စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၄.၁.၂၀၂၅ ရက် နေ့ နံနက်(၁၂:၁၀)အချိန်တွင် အမှတ်(၁၄/က)၊ ဦးစောဖိုးလမ်း၊ ပဲခူးရပ်ကွက်၊ ထောက်ကြန့်၊ မင်္ဂလာဒုံမြို့နယ်ရှိ အွန်လိုင်းမှတ်ပုံတင်ထားသော လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြ ထားသောအချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် Chaw Su Cotton Fashion Online Sales မှတ်ပုံတင်ရာတွင် Daw Chaw Su အမည်ဖြင့် ထည့်သွင်းလျှောက်ထားလာသည့်အချက်များအား မြေပြင်သွား ရောက်စစ်ဆေးသည့်အချက်အလက်များနှင့်ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ပြီး စားသုံးသူကာ ကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအား အသိပညာပေးပြောကြား ခဲ့ပါသည်။
DOCA(ရန်ကုန်)