၂၄.၁.၂၀၂၅ ရက်နေ့ နံနက်(၁၁:၂၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံး စစ်ဆေးရေးအရာရှိများသည် Online Sales မှတ်ပုံတင်ထားသော မင်္ဂလာဒုံ မြို့နယ်ရှိ K&M Online Shop လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြ ထားသော အချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မင်္ဂလာဒုံမြို့နယ်၊ ကူကြီးကုန်းရပ်ကွက်၊ စောလှရီလမ်း ရှိ မယမင်းသူ၊ K&M Online Shop အွန်လိုင်းမှတ်ပုံတင်ရာတွင် ထည့်သွင်း လျှောက်ထား သည့်အချက် အလက်များအား မြေပြင်စစ်ဆေးသည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)