ရန်ကုန်တိုင်းဒေသကြီး၊ ကုန်ဈေးနှုန်းကောက်ယူမှု လုပ်ငန်းဆောင်ရွက်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲမှ ဒေါ်ထူးမြတ်အိ(လက်ထောက်ညွှန်ကြားရေးမှူး)၊ ဒေါ်ခင်သီ (ဦးစီးအရာရှိ)၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးလှစိုး(ခရိုင်ဦးစီးမှူး)နှင့် တာဝန်ရှိဝန်ထမ်း(3)ဦး၊ ဗဟိုစာရင်းအင်းအဖွဲ့မှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်တင်တင်လှနှင့် ဝန်ထမ်း(၂)ဦး၊ ပုဇွန်တောင် ဈေးစည်ပင်သာ ယာရေးကော်မတီရုံးမှ ဈေးတာဝန်ခံဦးစိုးနိုင်နှင့် တာဝန်ရှိဝန်ထမ်း(၂)ဦးတို့သည် ၂၃.၁.၂၀၂၅ ရက်နေ့၊ နံနက် (၉:၁၅ မှ ၁၀:၁၅) အချိန်ထိ ပုဇွန်တောင်ဈေးအတွင်းရှိ အခြေခံ စားကုန်(၂၃)မျိုး၏ ဈေးကွက်ဆိုင်ရာအခြေအနေနှင့် ဈေးနှုန်းအခြေအနေများကို စာရင်းကောက်ယူ စုံစမ်း စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
စာရင်းကောက်ယူခဲ့သည့် အခြေခံစားကုန် (၂၃)မျိုးမှာ ဆန်ကြမ်း/ဆန်ချော၊ ငစိန်ဆန်၊ ပဲဆီ၊ စားအုန်းဆီ၊ ကြက်သွန်နီ၊ကြက်သွန်ဖြူ(ရှမ်း)၊ ကုလားပဲ၊ အာလူး၊ ဆား၊ သကြား၊ ငရုပ်(ရှည်/ပု)၊ စီပီ(ကြက်)၊ မြန်မာကြက်၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ငါးကြင်း၊ ကြက်ဥ၊ ဘဲဥ၊ မျှင်ငပိနှင့် ငါးတံခွန်ခြောက်တို့ဖြစ်ကြောင်း သတင်းရရှိပါသည်။
အဆိုပါ အခြေခံစားကုန် (၂၃)မျိုးတွင် ဆန်ကြမ်း / ဆန်ချောနှင့် စားအုန်းဆီတို့မှာ သက်ဆိုင်ရာဌာန၊ အသင်းအဖွဲ့များမှ သတ်မှတ်ပေးထားသည့်ရည်ညွှန်းဈေးနှုန်းအပေါ် အခြေခံရောင်းချရသဖြင့် ဈေးကွက်အတွင်း ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန် ကြီးမြင့်မှု မရှိတော့ဘဲ ဈေးနှုန်း သင့်တင့်မျှတစွာ ဝယ်ယူစားသုံးနိုင်သည်ကို စိစစ်တွေ့ရှိရပြီး ဘဲဥနှင့် ကြက်ဥတို့မှာလည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ တို့ ပူးပေါင်းကြီးကြပ်မှုအစီစဉ်ဖြင့် ရောင်းချပေးခြင်းနှင့် ဈေးစည်ပင်သာရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုအောက်တွင် ရောင်းချပေးခြင်းတို့ကြောင့် စားသုံးသူများအနေဖြင့် ဈေးနှုန်း ချိုသာစွာ ဝယ်ယူစားသုံးနိုင်ကြောင်း လေ့လာတွေ့ ရှိရပါသည်။ အလားတူ အခြားအခြေခံ စားသောက်ကုန်များအနေဖြင့် ဈေးကွက်အတွင်း ကုန်ပစ္စည်း
ပုံမှန်ဝင်ရောက်လျှက်ရှိနေခြင်းကြောင့် ပြတ်တောက်မှုမရှိဘဲ ဈေးငြိမ်လျှက်ရှိပြီး ယခုကဲ့သို့ မြေပြင် တွင် အမှန်တကယ်ဖြစ်ပေါ်နေသည့်ဈေးကွက်ဆိုင်ရာ အခြေအနေများကို သိရှိရသဖြင့် စားသုံးသူ ပြည်သူများအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်စေရေး မျှော်မှန်းကာ သက်ဆိုင်ရာဌာန များနှင့်လစဉ်ပူးပေါင်းစားရင်းကောက်ယူသွားဖြစ်ကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)