ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်း ဆန်ကြိတ်ခွဲထုတ်လုပ်သော (၁၅)တန် အထက်ဆန်စက်များအား ဆန်၊စပါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ရေးနှင့်ဆန် စက်များရှိ စပါး၊ ဆန်သိုလှောင်ရုံများ Myanmar Rice Online MYRO တွင်မှတ်ပုံ တင်ထားရှိမှုအခြေအနေများ၊ ဆန်ကြိတ်ခွဲထုတ်လုပ်မှုများအား စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ဇန်နဝါရီလ (၂၄)ရက် နေ့၊ နေ့လည် (၁၂:၃၀)အချိန်တွင် ခရမ်း မြို့နယ်ရှိ အောင်မင်္ဂလာဆန်စက်၊ ငြိမ်းချမ်းရေး ဆန်စက်၊ ဇေယျာဖြိုးဆန်စက်များသို့ ကွင်းဆင်း စုံစမ်းခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစုံစမ်းခဲ့ရာ ခရမ်းမြို့နယ်အတွင်း ဆန်ကြိတ်ခွဲ ထုတ်လုပ်သော (၁၅)တန် အထက်ဆန်စက်ကြီး (၂၄)စက်သည် MYRO စနစ်ဖြင့် သိုလှောင်ရုံမှတ်ပုံတင်ထားရှိပြီး ဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိဆန်စက်များသည် တောင်သူ၊ ကုန်သည်စပါးများအား နဝလီစက်ကြိတ်ခွဲပေးခြင်းများဖြင့် ဆန်စက်များ လည်ပတ်လျက်ရှိကြောင်း သိရှိရပြီး မြို့နယ် တာဝန်ခံမှ ဆန်စက်လုပ်ငန်းရှင်များအား ဆန်ရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနမှ လစဉ်ထုတ်ပြန်သော သင့်တင့်မျှတသော သတ်မှတ်ရည်ညွှန်းဈေးများထက် လက်ကားရည်ညွှန်းဈေးအပေါ်တွင် အိတ်ခွံတန်ဖိုး၊ ဈေး အရောင်းဆိုင်သို့ ပေးရမည့် ၈% ထက်မပိုသော ဝန်ဆောင်စရိတ်၊ ၃% ထက်မပိုသော သယ်ယူ စရိတ်၊ ၄% ထက်မပိုသော ထုတ်လုပ်သူ အကျိုးအမြတ်တို့ဖြင့် တွက်ချက် ရောင်းချကြရန်နှင့် စီးပွားရေးကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)